ရေ​ဘေး​သင့်​ရွာ​တွေ ရွှေ့​ပြောင်း​ရ​တော့​မယ်

myanmar_flood_kalay ဓာတ်ပုံ မူပိုင် AFP
Image caption ဆိုရင်လည်း ကလေးမြို့နယ် ထဲ က ရွာ ၁၃ ရွာ ပတ်ဝန်းကျင် အပါအဝင်၊ ကလေးဝ နဲ့ တမူး မြို့ နယ် ထဲ က ရွာတွေ နဲ့ ပါဆိုရင် စုစုပေါင်း ၁၇ ရွာ ပြောင်းရမယ်။

မြေပြိုမှု တွေ၊ ရေကြီးမှု တွေ ဆိုးဆိုးရွားရွား ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ ချင်းပြည်နယ် ထဲ က ကျေးရွာတွေ ကို ရွာလုံးကျွတ် ရွှေ့ပြောင်း ရပါလိမ့်မယ်။

ချင်းပြည်နယ် တွန်းဇံမြို့နယ် ထဲ က ဟားခါးလေးနဲ့ တူခီးဇံ ၂ ရွာ ကို ရွှေ့ ပြောင်း မယ်လို့ ချင်းပြည်နယ် အစိုးရ အဖွဲ့က ညွှန်ကြားရေးမှုး ဦးတင်မောင်စိုး က ဘီဘီစီ ကို အတည်ပြု ပြောကြားပါတယ်။

အဲဒီ့ရွာ တွေမှာ လူဆက်နေဖို့ မသင့်တော့ဘူး ဆိုပြီး ဦးတင်မောင်စိုး က ဆိုပါတယ်။

ရေကြီးမှု ကြောင့် အဲဒီ့ ရွာတွေ မှာ အိမ်တွေ ရေထဲ မျောပါ ကုန်တာ၊ လုံးဝပြိုကျ ပျက်စီး သွားတာ အပြင် ရေ ပြန် အကျ မှာလည်း ရွှံ့နွံတွေ လူတစ်ရပ် မက နစ်မြုပ် နေတာ တွေ ဖြစ်ပေါ် ခဲ့တဲ့ အတွက် တူခီးဇံ နဲ့ တစ်မိုင်ခွဲ အကွာမှာ ဒုက္ခသည် ယာယီ စခန်း ဖွင့်လှစ် ပေးထား ရတယ် လို့ လည်း ဦးတင်မောင်စိုး က ပြောပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ဆိုရင်လည်း ကလေးမြို့နယ် ထဲ က ရွာ ၁၃ ရွာ အပါအဝင်၊ ကလေးဝ နဲ့ တမူး မြို့ နယ် ထဲ က ရွာတွေ နဲ့ ပါဆိုရင် စုစုပေါင်း ၁၇ ရွာ ပြောင်းရမယ် လို့ ဒေသခံ အာဏာပိုင်တွေက ဆိုပေမယ့် အသေးစိတ် အစီအစဉ် တွေ ကို တော့ မပြောသေးပါဘူး။

ကလေးမြို့နယ် ထဲ ရေကြီးတုန်းက အပျက်အစီး အဆုံးရှုံး အများဆုံး ဖြစ်ခဲ့တဲ့ နေရဉ္စရာ မြစ်နဲ မြစ်သာမြစ်တွေ နံဘေး တည်ရှိတဲ့ နန်းဆောင်းပု၊ နန်းကျင်ဆောင်၊ မော်လိုက်ကလေး၊ အောင်မြင်သာ၊ ကျီကုန်း နဲ့ သဖန်းအိုင် စတဲ့ ရွာတွေ ပြောင်းရမယ့် အထဲ ပါမှာ ဖြစ်ပါတယ်။

လယ်အလုပ် လုပ်ကိုင် စားသောက်ရတဲ့ ရွာသားတွေ အနေနဲ့ ကလည်း သူတို့လယ်တွေ ကို ထားပြီး အဝေးကြီး ကို ထွက် မသွား နိုင်ကြတဲ့ အတွက် တမူး-ကလေး ကားလမ်း ပတ်ဝန်းကျင် မှာ ပဲ အာဏာပိုင် တွေ က မြေနေရာလွတ် တွေ လိုက်လံ ကြည့်ရှု့ နေကြတယ် လို့ ရေဘေး ဒုက္ခသည်တွေ ကို ကူညီကယ်ဆယ်ရေး လုပ်ဆောင် နေတဲ့ ကလေးမြို့ ၈၈ ပွင့်လင်း လူ့အဖွဲ စည်းက ဦး ဘကြူး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ