ဟားခါး မြို့တဝက်နီးပါး ပြောင်းရွှေ့ရမယ်

  • 31 ဩဂုတ် 2015
Image caption မြေပြိုမှု ဖြစ်တဲ့ နေရာ တွေမှာ ပြန်နေဖို့ မဖြစ် နိုင်တော့ ပါ

ချင်းပြည်နယ် ဟားခါး ဒေသမှာ မိုးကြီးလို့ ဖြစ်ပွား ခဲ့တဲ့ မြေပြို မှုတွေ ကြောင့် ဟားခါးမြို့ တဝက် နီးပါးလောက် ပြောင်းရွှေ့ ရဖို့ ရှိနေ ပါတယ်။

မြိုဟောင်း၊ဈေးဟောင်း နဲ့ ကျောဘုတ် ဆိုတဲ့ ရပ်ကွက်တွေ ဟာ မကြာခင် ပြောင်းရွှေ့ ရဖို့ ရှိနေ ကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်မောင်စိုး က ပြောပါ တယ်။

ဟားခါး ဒေသဟာ ကြေမွတဲ့ ကျောက် အမျိုး အစား ရှိနေပြီး တောင် အနေ အထား ကလည်း မတ်စောက် တဲ့ အတွက် အခုလို မိုးရေချိန် အရမ်း များတဲ့ အခါမှာ တောင်ပြို မှုတွေ ဖြစ်တာ လို့ မြန်မာ နိုင်ငံ ဘူမိ သိပ္ပံ အသင်း အတွင်းရေးမှူး ဖြစ်သူ ကိုစိုးသူရထွန်းက ပြောပါတယ်။

မြေပြို မှုတွေ ကြောင့် မြို့ပေါ် လူ ၇၀၀၀ နီးပါး ဟာ ဒုက္ခသည် စခန်း ၇ ခုမှာ မှီခို နေရ ပြီးတော့ မြေပြိုမှု ဖြစ်တဲ့ နေရာ တွေမှာ ပြန်နေဖို့ မဖြစ် နိုင်တော့ ပါ။

ပြောင်းရွှေ့ ပေးဖို့ နေရာ ကိုတော့ ဘူမိ ဗေဒ ပညာရှင် တွေနဲ့ လေ့လာ မှုတွေ လုပ်နေ တယ်လို့ လည်း ဦးတင်မောင်စိုး ကပြောပါတယ်။

ချင်းပြည်နယ် အတွင်း ဇူလိုင်လ ကုန်ပိုင်းက စလို့ မြို့နယ် ကိုးမြို့နယ် စလုံးမှာ မြေပြိုမှု၊ နေအိမ် ပျက်စီးမှုနဲ့ လမ်းတံတား ပျက်စီး မှုများ ဖြစ်ပေါ် ခဲ့ပြီး ခန့်မှန်း ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သန်းပေါင်း တသောင်း ကျော် ဆုံးရှုံးခဲ့ တယ်လို့ ပြည်နယ် အစိုးရ ဘက်က ထုတ်ပြန် ထားပါတယ်။

ပြည်နယ် အစိုးရ ဘက် ကတော့ ပြောင်းပြီး နေထိုင် ရမယ့် မိသားစု တွေ အတွက် လိုအပ်တဲ့ ဧည့်အိမ် ဆောက် ပစ္စည်းတွေ ပံ့ပိုး ပေးသွားမယ်၊ ပြောင်း ရွှေ့မှု ကို စီစဉ် ပေးမယ် လို့ ပြောပေမယ့် နေစရာ ပျောက်သွားတဲ့ ဟားခါး မြို့ပေါ်က လူတွေ အတွက် ကတော့ အခု အချိန် အထိ ဘယ်လို နေထိုင် စားသောက်မယ် ဆိုတာ ရေရေ ရာရာ မရှိ သေးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ