ကချင်ပြည်နယ်ထဲက မြို့တွေမှာ ရေကြီးနေ

  • 31 ဩဂုတ် 2015
_phakant_mine ဓာတ်ပုံ မူပိုင် Reuters
Image caption ဥရုချောင်းထဲ မြေစာတွေ စွန့်လို့ ချောင်းကောပြီး ရေ မကြာခန လျှံနေရတာလို့ မြို့ခံတွေ ပြော။

ကချင် ပြည်နယ် ထဲက ဖားကန့်၊ လုံးခင်း၊ မိုးညှင်းနဲ့ မိုးကောင်း မြို့တွေ မှာ ရေကြီးနေပါတယ်။

ဖားကန့်နဲ့ လုံးခင်းကို ဖြတ်စီးနေတဲ့ ဥရုချောင်း ရေလျှံပြီး ၁၀ စုနှစ်တွေ အတွင်း ရေကြီးဆုံး ဖြစ်နေတယ် လို့ ဒေသခံ တွေ က ပြောပါတယ်။

ဒါ့အပြင် အဲဒီ့ ဒေသမှာ ဒီတခေါက်နဲ့ ဆိုရင် တစ်နှစ် အတွင်းမှာကို ၃ ခါမြောက် ရေကြီး လာပြန်တာ ဖြစ်ပါတယ်။

ဖားကန့် မှာ ရေကြီးနေတာ ၄၈ နာရီ ကျော်သွား ပြီ ဖြစ်ပြီး ရေအကြီးဆုံး နေရာ တွေ မှာ လူတစ်ရပ် ကျော် နစ်နေတယ် လို့ အဲဒီ့မှာ သောင်တင် နေသူ တစ်ဦး ဖြစ်တဲ့ ဦးတင်စိုး က ဘီဘီစီ ကို ပြောပါတယ်။

ဥရုချောင်းထဲ ကို ဖားကန့် မှာ ရှိတဲ့ ကျောက်စိမ်းနဲ့ ရွှေတွင်း က မြေစာ တွေကို စည်းကမ်းမဲ့ စွန့်နေကြ လို့ ချောင်းကောပြီး အခုလို ရေကြီးမှု တွေ မကြာခန ဖြစ်လာတယ် လို့ လည်း မြို့ခံ တွေက ဆိုပါတယ်။

မိုးကောင်းမြို့ပေါ် မှာလည်း ရေကြီး နေပြီး မိုးညှင်းမှာတော့ လယ်မြေ တွေ ရေနစ်မြုပ် နေတယ် လို့ ကချင် ပြည်နယ် အစိုးရ လူမှုရေးရာ ဝန်ကြီး ဒေါ်ဘောက်ဂျာက ဘီဘီစီ ကို ပြောပါတယ်။

ပြည်နယ် အစိုးရ နဲ့ ကြက်ခြေနီ တွေ က ရေဘေး ကယ်ဆယ်ရေး တွေ လုပ်ပေး နေတယ် လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ