ခုချိန်အထိ ရခိုင်ပြည်နယ်မှာ အမတ်လောင်း၂၄ယောက်အပယ်ခံရ

  • 31 ဩဂုတ် 2015
ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း
Image caption ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း

ရွေကောက်ပွဲ ဝင်မယ့် အမတ်လောင်းကို သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်မပြည့် စီစစ်နေရာမှာ ရခိုင်ပြည်နယ်က အပယ်ခံရတာ အများဆုံးဖြစ်တယ်။ အခုချိန်အထိ ရခိုင်ပြည်နယ်မှာ အပယ်ချခံရတဲ့ လွှတ်တော် အမတ်လောင်း ၂၄ ဦးရှိပါတယ်။ အများစုကတော့ အစ္စလာမ် ဘာသာဝင်တွေဖြစ်ကြပါတယ်။ မိဘနဲ့ အဖိုးအဖွားတွေရဲ့ နိုင်ငံသားဖြစ်မှုကို အတိအကျ မဖေါ်ပြနိုင်တာကြောင့် ပယ်ချခံထားရသူတွေ ဖြစ်တယ်။ တိုင်းရင်းသားတွေထဲက နိုင်ငံအတွင်းမှာ ဆက်တိုက်၁၀ နှစ်မနေတာ၊ အဖေကဗမာဖြစ်လို့ ချင်းလူမျိုး ကိုယ်စားပြု အမတ်မဖြစ်နိုင်တာတွေလည်း ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်က ပယ်ချခံထားရတဲ့ လွှတ်တော်အမတ်လောင်းတွေနဲ့ ပတ်သက်ပြီး ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ် ကမောင်တောမှာ ၁၉ယောက် စစ်တွေမှာ၂ယောက်နဲ့ မြောက်ဉီးမှာ၂ယောက်ရှိပြီး အများအားဖြင့် မိဘက နိုင်ငံသား မဖြစ်တာနဲ့ငြိစွန်းတယ်လို့ ဘီဘီစီကိုရှင်းပြပါတယ်။

အပယ်ခံ ထားရသူတွေထဲက လက်ရှိလွှတ်တော်အမတ် ဦးရွှေမောင်နဲ့ ကမန်၊ ရခိုင်အဖြစ်တင်ထားတဲ့ ဒေါ်ခင်ခင်လွင် တို့ကတော့ ပြည်နယ် ကော်မရှင်ကို အယူခံဝင်ထားပြီး အခုအင်္ဂါနေ့မှာ ဆုံးဖြတ်ဖို့ ရှိတယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးအောင်မြ ကပြောပါတယ်။ တစ်နိုင်ငံလုံးမှာ အမတ်လောင်း ၄၀ ကျော် ပယ်ချခံထားရပြီး ဖြစ်ပါတယ်။