ယူကရိန်းဆန္ဒပြမှုမှာ ရဲအရာရှိတယောက်သေ

  • 31 ဩဂုတ် 2015
ယူကရိန်းမြို့တော်ပါလီမန်ရှေ့ဆန္ဒပြပွဲ ဓာတ်ပုံ မူပိုင် Reuters
Image caption ယူကရိန်းမြို့တော်ပါလီမန်ရှေ့ဆန္ဒပြပွဲ

ယူကရိန်းနိုင်ငံ ကီယက်မြို့တော် ပါလီမန်ရှေ့မှာ ဆန္ဒပြသူတွေနဲ့ရဲတွေကြား အဓိကရုန်းဖြစ်လို့ ရဲအရာရှိ တယောက်သေပြီး လူ၁၀၀ ဒဏ်ရာရသွားပါတယ်။

အငြင်းပွားနေတဲ့ နိုင်ငံအရှေ့ပိုင်းဒေသမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးတဲ့ ဥပဒေကြမ်းကို ဆန္ဒပြသူတွေက ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို အမတ်တွေက ပဏာမ အတည်ပြုပြီးနောက် ရာနဲ့ချီတဲ့ ဆန္ဒပြသမားတွေက ပါလီမန်ကို ကာကွယ်နေတဲ့ရဲတွေကို ဗျောက်အိုးတွေ လက်လုပ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ရဲတွေက မျက်ရည်ယို ဓါတ်ငွေ့နဲ့ပြန်တိုက်ခဲ့ပါတယ်။

ဒီဥပဒေအရ ရုရှားကို လိုလားတဲ့ သူပုန်တွေ လက်အောက်မှာရှိတဲ့ Donetsk နဲ့ Luhanskဒေသတွေကို လုပ်ပိုင်ခွင့် ပိုပေးမှာ ဖြစ်ပါတယ်။