ရိုဟင်ဂျာ ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရ

  • 1 စက်တင်ဘာ 2015
rohingya ဓာတ်ပုံ မူပိုင် AFP
Image caption ဒုက္ခသည် စခန်းတွေမှာ နေနေရတဲ့ ရိုဟင်ဂျာတွေ

ရိုဟင်ဂျာ မွတ်ဆလင်တွေ အဓိက ပါဝင်တဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီက ရွေးကောက်ပွဲ ဝင်ဖို့ ကိုယ်စားလှယ် လောင်း ၁၈ ဦး အမည်စာရင်း တင်သွင်း ခဲ့တဲ့ အနက် ၁၇ ဦး ကို ခရိုင် ကော်မရှင် က ပယ်ချခဲ့ပါတယ်။

ခုလို ကိုယ်စားလှယ် အများစု အပယ်ခံ ရတာဟာ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေနဲ့ မညီလို့ ပယ်တယ်လို့ပဲ အကြောင်းပြ တယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောပါတယ်။

အကြောင်း အချက်ကို မေးမြန်းတော့ မိဘ ၂ ပါး နိုင်ငံသား ဖြစ်ကြောင်း မခိုင်လုံလို့လို့ ပြန်ကြားတယ် လို့ သူက ပြောပါတယ်။

အရင် ၁၉၉ဝ ရွေးကောက်ပွဲ တုန်းကတော့ သူ့မိဘ အမျိုးသား မှတ်ပုံတင် ပြတာနဲ့ လက်ခံပြီး ဘိုးဘေး အထိ မစိစစ် ခဲ့ဘူး လို့ လည်း ဦးကျော်မင်းက ဆိုပါတယ်။

အထောက်အထား နဲ့ အယူခံ ဝင်သွားမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ