အလုပ်ရုံ ပိတ်သိမ်းပြီး လုပ်သား လျှော့ချခံရ

  • 6 စက်တင်ဘာ 2015
yangon factory ဓာတ်ပုံ မူပိုင် AP
Image caption လစာနှုန်းထား အတွက် ဆန္ဒ ပြမှုတွေ ဖြစ်ပွားခဲ့

တရက် အနိမ့်ဆုံး လစာ ၃၆ဝဝ ကျပ် သတ်မှတ်ပြီးနောက် အလုပ်ရုံ တချို့ ပိတ်သိမ်းတာ ၊ အခွင့်အရေး တချို့ လျှော့ချ တာတွေ လုပ်နေလို့ အလုပ်သမား ဆန္ဒ ပြမှုတွေ ဖြစ်ပွား နေပါတယ်။

စက်ရုံ ၁ ရုံ ပိတ်သိမ်းပြီး အလုပ်သမား တထောင် လောက် အလုပ်လျှော့ ခံရသလို အကြိုအပို့ ကားတွေ ထားမပေး တော့တာတွေ ရှိတယ်လို့ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်း က ပြောပါတယ်။

၃၆ဝဝ ကျပ် သတ်မှတ်စဉ်က တဒေါ်လာ ၁ဝ၅ဝ ပဲ ရှိခဲ့ပေမယ့် အခု ၁၂၇ဝ လောက် ရှိလာ လို့ အခြေခံ စားကုန်စျေးတွေ တက်တာတွေ ရှိလာတယ် လို့လည်း သူက ဆိုပါတယ်။

အကြို အပို့ ကားစီစဉ် မပေးရင် အလုပ်သမားတွေ လစာ ၃ ပုံ ၁ ပုံ လောက် ကားခနဲ့ ကုန်ရမယ့် အနေအထား ရှိနေပါတယ်။

လောလောဆယ် မှာ ရန်ကုန်မှာ အထည်ချုပ် လုပ်သား ၂ သိန်းလောက် ရှိရာမှာ ထောင်ဂဏန်း လောက်ပဲ ထိခိုက် မှု ပမာဏ မကြီးမားဘူး လို့လည်း ဦးအောင်လင်း က ပြောပါတယ်။

စက်တင်ဘာလ မကုန်ခင် အလုပ်ရှင် အလုပ်သမား လုပ်ခ ဆိုင်ရာ စာချုပ်တွေ ချုပ်ဖို့ အစိုးရက အလုပ်ရှင်တွေကို ဖိအားပေးနေလို့ အလုပ်သမားတွေ အတွက် လိုက်လျော ဆောင်ရွက် ပေးလာတာတွေ ရှိမလား မျှော်လင့် သူတွေလည်း ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ