ချင်းတွင်းမြစ်ရေတိုးလို့ ကလေးဝရေကြီးနေပြန်

  • 6 စက်တင်ဘာ 2015
_kalay_304x
Image caption ကလေးဝ၊ မော်လိုက် နဲ့ မင်းကင်း မြို့ ပေါ် တွေ အပါအဝင် ပတ်ဝန်းကျင် ကျေးရွာ တွေ မှာ ရေဝင် နေပြီး တချို့ အပိုင်းတွေ မှာ အိမ်တွေ ရေမြုပ် နေ။

ချင်းတွင်းမြစ်ရေ တခါထပ် ကြီးလာပြန်တဲ့ အတွက် ကလေးဝ၊ မော်လိုက် နဲ့ မင်းကင်း မြို့ ပေါ် တွေ အပါအဝင် ပတ်ဝန်းကျင် ကျေးရွာ တွေ မှာ ရေဝင် နေပြီး တချို့ အပိုင်းတွေ မှာ အိမ်တွေ ရေမြုပ် နေပါတယ်။

ကလေးဝ မှာဆို မြို့တဝက်လောက် ရေမြုပ်နေပြီး ရွှေမော်ဓော ဘုရားနဲ့ ရဲစခန်း ပတ်ဝန်းကျင် ရပ်ကွက် တွေ မှာဆို အိမ်တစ်ထပ် အမြင့်လောက် ထိ ရေကြီး နေတယ်လို့ မြို့ခံတွေ က ပြောပါတယ်။

ဒါ့ကြောင့် ကလေးဝ မြို့ထဲ သွားရေးလာရေး အတွက် လှေစီး နေရပါတယ်။

ကလေးဝ ဟာ ရေဘေးဒဏ် ခံခဲ့ရတာ တစ်လ ဝန်းကျင် လောက်ပဲ ရှိသေး တာမှာ အခု တခါ ထပ်ပြီး ရေကြီး လာပြန်တာ ဖြစ်ပါတယ်။

အခုလည်း စာသင်ကျောင်း တွေ မှာ ရေဘေး ဒုက္ခသည် စခန်းတွေ ဖွင့်လှစ် ထားရပြန်ပြီ လို့လည်း မြို့ခံ တွေ က ဆိုပါတယ်။

မုံရွာ မြို့မှာလည်း ချင်းတွင်း မြစ်ရေ ဟာ စိုးရိမ် ရေမှတ် ကျော် နေလို့ ရေကင်း ၂၄ ခုနဲ့ နေ့ရော ညရော စောင့်ကြည့် နေရတဲ့ အပြင် စက်လှေဆိပ် တွေ လည်း ပိတ်ထားရတယ် လို့ ဒေသခံ အာဏာပိုင် တွေ က ပြောပါတယ်။

ဒါ့ကြောင့် ရေလမ်းကနေ တဆင့် မုံရွာက စားသောက်ကုန် ဝယ်နေရတဲ့ ချင်းတွင်း တလျှောက် မြို့ရွာ တွေ မှာ စျေးနှုန်း ကြီးမြင့်လာမယ့် အရေး ဒေသခံတွေ စိုးရိမ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ