ဒိန်းမတ်ရဲက ဒုက္ခသည်လမ်းကြောင်းတွေ ပိတ်ဆို့

  • 9 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယားက ဒုက္ခသည် အများအပြားပါဝင်

ဒိန်းမတ် နိုင်ငံမှာ ရာနဲ့ချီတဲ့ ရွှေ့ပြောင်း ဒုက္ခသည် တွေနဲ့ ရဲတွေ အကြား ရှေ့မတိုး နောက်မဆုတ် အခြေအနေ ဖြစ်ခဲ့အပြီး အခုအခါ ဂျာမနီနဲ့ ဒိန်းမတ် နိုင်ငံကို ဆက်သွယ်တဲ့ မီးရထား ခရီးစဉ်တွေ အားလုံးကို ဆိုင်းငံ့ ထားလိုက်ပြီ ဖြစ်ပါတယ်။

ရွှေ့ပြောင်း ဒုက္ခသည် အုပ်စု တစုက ဆွီဒင်ကို တိုက်ရိုက် သွားချင်တဲ့ အတွက် ရထားပေါ် ကနေ ဖယ်ပေးဖို့ ငြင်းဆန် နေခဲ့ ပါတယ်။

ဒိန်းမတ် နိုင်ငံထက် စာရင် ဆွီဒင် နိုင်ငံဟာ ရွှေ့ပြောင်း ဒုက္ခသည်တွေ အပေါ် ပို ရက်ရောတဲ့ စံနစ် ထားရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆွီဒင်နိုင်ငံဆီ ဦးတည်တဲ့ အဝေးပြေး လမ်းမ တလျှောက် မှာလည်း နောက် ရွှေ့ပြောင်း ဒုက္ခသည်တွေ ရာပေါင်း များစွာ ခြေလျင် လျှောက်သွား နေကြ တာကို ဒိန်းမတ် ရဲတွေက တားဆီးဖို့ ကြိုးစား နေကြ ပါတယ်။

ရွှေ့ပြောင်း ဒုက္ခသည် တွေက ဒိန်းမတ်မှာ ခိုလှုံခွင့် မတောင်းလိုပဲ ဆွီဒင် နိုင်ငံကို သွားလို နေကြ တဲ့အတွက် အခု ဆိုရင် ဒုက္ခသည် ပြဿနာ တွင် မကဘဲ လူဝင်မှု ကြီးကြပ်ရေး ပြဿနာ နဲ့ပါ ရင်ဆိုင် နေရတာ ဖြစ်တယ်လို့ ဒိန်းမတ် ဝန်ကြီးချုပ်က ပြောပါတယ်။