ဒုတိယ အကြိမ် မဲစာရင်း ထွက်ရှိ

  • 14 စက်တင်ဘာ 2015
Image caption ပထမ အကြိမ် တုန်းက လို အမှား အယွင်းတွေ ရှိနေ

တနင်္လာ နေ့မှာ ထုတ်ပြန်တဲ့ ဒုတိယ အကြိမ် မဲစာရင်း မှာလည်း ပထမ အကြိမ် တုန်းက လို အမှား အယွင်းတွေ ရှိနေ တာကို တွေ့ရ ပါတယ်။

နိုဝင်ဘာလ ၈ ရက် နေ့မှာ ကျင်းပမယ့် ရွေးကောက် ပွဲမှာ မဲပေး နိုင်ဖို့ အတွက် ဒုတိယ အကြိမ် မဲစာရင်းကို ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မ ရှင်က စက်တင်ဘာ ၁၄ ရက် နေ့မှာ ထုတ်ပြန် လိုက်တာ ဖြစ်ပါ တယ်။

ပထမ အကြိမ် ထုတ်ပြန် ခဲ့တုန်းက မပါတဲ့ လူတွေ အခု ထုတ်ပြန်တဲ့ မဲ စာရင်းမှာ ပြန်ပါ လာတာ တွေ့ရ ပေမယ့် အမှား အယွင်း တွေနဲ့ မဲစာရင်း မှာ မ ပါတဲ့ လူတွေ ကတော့ ရှိနေ ပါသေး တယ်။

အခု ထုတ်ပြန်တဲ့ မဲစာရင်း ကိုတော့ ပထမ အကြိမ် ထုတ်ပြန် တုန်း ကထက် လာ ရောက်ကြည့် ရှု သူတွေ များ တာကို တွေ့ရ ပါတယ်။

စတင် ထုတ်ပြန်တဲ့ တစ်နေ့ တည်းမှာ ကိုပဲ မဲစာရင်းမှာ အချက် အလက် မှားလို နဲ့ နာမည် မပါလို့ ကော်မရှင် ရုံးကို လာရောက် လျှောက်ထားသူ ၅၀ ခန့် ရှိတယ်လို့ ကျောက်တံတား မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦး မြင့်သိန်းက ပြောပါတယ်။

အခု ထုတ်ပြန် တဲ့ မဲစာရင်းမှာ မပါတဲ့ လူတွေ၊ အချက် အလက်မှားတဲ့ လူတွေ အနေနဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ နောက်ဆုံး ထား ပြီး၊ သက်ဆိုင်ရာ ရပ်ကွက် ကော်မရှင် ရုံးတွေမှာ လျှောက်ထား ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ