တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ

  • 17 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Union Election Commission
Image caption ပါတီအလံ

ပါတီအမည်

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ

National Unity Party

ပါတီဥက္ကဋ္ဌ

ဦးသန်းတင်

ယှည်ပြိုင်မည့်နေရာ

တိုင်းနဲ့ပြည်နယ် ၇၆၃ နေရာ။ ရှမ်းပြည်နယ်က မြို့နယ် ၅၅ ခုအနက် ၁၀ ခုကျော်ကျော်မှာပဲ ဝင်ပြိုင်မယ်။ ကရင်ပြည်နယ်မှာ ၃ မြိုနယ်လောက်ပဲ ပြိုင်မယ်။

တစ်နိုင်ငံလုံး မြို့နယ် ၃၃ဝ မှာ မြို့နယ် ပါတီရုံးတွေ ရှိတဲ့ မြို့နယ်ပေါင်း ၃၀၆ ခုမှာ ဝင်ပြိုင်မယ်။

တိုင်းရင်သားပါတီတွေ အဓိက ဝင်ပြိုင်မယ့် နေရာနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိနေသေးတဲ့ နေရာတွေမှာ ဝင်မပြိုင်ဘူး။

ပါတီဝင်အင်အား

၂၀၁ဝမှာ ၇ သိန်းကျော်၊ လက်ရှိ ၅ သိန်းကျော်။

ကိုယ်စားလှယ်လောင်း ရွေးတဲ့ပုံစံ

အမျိုးသမီး ကိုယ်စားလှယ်တွေကို ဦးစားပေး ရွေးပါတယ်။ လူငယ်လူလတ်တွေ ပါနိုင်အောင်လည်း ကြိုးစားပါတယ်။ သက်ဆိုင်ရာ မဲဆ္ဒနယ်က လူကို ဦးစားပေး ရွေးပါတယ်။

ပါတီမူဝါဒ

လူအများကောင်းစားရေး ဝါဒ၊ ပြည်သူ့အကျိုးပြု လမ်းစဉ်၊ မဇ္စျိမ ပဋိပဋာ ဆိုတဲ့ အခြေခံအချက်ကို မပြောင်းလဲဘဲ နိုင်ငံရေးမှာ အရေးကြီးဆုံး ရိုးသားမူကို အခြေခံပြီး ပြည်သူရဲ့ ထောက်ခံမူရအောင် ကြိုးစားသွားမယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား အကျိုးစီးပွားကို အခြေခံပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်။

ပါတီနယ်မြေ

ပြည်ထောင်စုတဝန်းလုံး

ပါတီရုံးချုပ် တည်ရှိရာ

ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ဆက်သွယ်ရန်

၀၉-၄၂၁၁၀၉၅၅၀၊ ၀၁-၅၃၇၆၀၁

ဒီသတင်းနဲ့ပတ်သက်သမျှ