အမျိုးသမီးအမတ် တိုးလာဖို့ ဖေ့စ်ဘွတ်ပရိသတ် အမြင်

  • 17 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Thinkstock

လာမယ့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ထဲမှာ အမျိုးသမီး ပါဝင်တဲ့ အချိုးအစား နည်းပါးနေတဲ့အပေါ် ဘယ်လို တွန်းအားပေး ဆောင်ရွက်သင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး ပရိသတ်ရဲ့ အမြင်ကို ဘီဘီစီ ဖေ့စ်ဘွတ် စာမျက်နှာ ကနေ တောင်းခံခဲ့ရာမှာ တုံ့ပြန်ချက် အမျိုးမျိုးကို ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အမျိုးသမီးတွေ တန်းတူ အခွင့်အရေး ရစေဖို့ ချမှတ်ခဲ့တဲ့ ၁၉၉၅ ခုနှစ် ဘေဂျင်း ကြေညာစာတမ်းကို ထောက်ခံခဲ့တဲ့ နိုင်ငံပေါင်း ၁၈၉ နိုင်ငံထဲမှာ အပါအဝင် ဖြစ်ခဲ့သလို၊ ၂၀၀၈ အခြေခံ ဥပဒေထဲမှာလည်း အမျိုးသမီး အမျိုးသား တန်းတူ အခွင့်အရေး ရစေဖို့၊ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံဖို့ ဥပဒေအချို့ ထည့်သွင်း ပြဋ္ဌာန်းထားပါတယ်။

မြန်မာ အမျိုးသမီးတွေ လုပ်ငန်းခွင် ဝင်ရောက်တဲ့ နှုန်းဟာလည်း မြင့်တက်လာပြီး အမျိုးသား လုပ်သားအင်အားနဲ့ ဆတူနီးပါး ရှိလာသလို၊ အစိုးရ ဌာနတွေက အလယ်အလတ်အဆင့် စီမံခန့်ခွဲရေး နေရာတွေမှာလည်း အမျိုးသမီး အရေအတွက် တဖြည်းဖြည်း တိုးလာတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြန်မာ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လာတဲ့ အရေအတွက်ကတော့ နည်းနေသေးပြီး အခု နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ဝင်အရွေးခံမယ့် ကိုယ်စားလှယ်လောင်း အယောက် ၆၀၀၀ ကျော် ထဲမှာ အမျိုးသမီး အရေအတွက်က ၈၀၀ မပြည့်ပါဘူး။

လက်ရှိ အရွေးခံထားရတဲ့ အမျိုးသမီး အမတ် ရာခိုင်နှုန်းဟာလည်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းမှာ အမတ်အားလုံးရဲ့ ၄ ရာနှုန်းသာ ရှိတဲ့အတွက် မြန်မာနိုင်ငံဟာ တခြား ဒေသတွင်း အာရှနိုင်ငံတွေထက် အမျိုးသမီး အမတ် ပေါ်ထွန်းမှုမှာ နောက်ကျနေဆဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံမှာဆိုရင် ပါလီမန် အမတ်နေရာ အားလုံးရဲ့ ၃၀ ရာခိုင်နှုန်းကို အမျိုးသမီးတွေ အတွက် သီးသန့် ဖယ်ထားပါတယ်။ ဒါကြောင့် အမျိုးသမီး အမတ် ဘယ်နှစ်ယောက် ရှိရမယ် ဆိုတာကို ကြိုတင် သတ်မှတ်ပြီးသား ဖြစ်တဲ့အတွက် ပါလီမန် နိုင်ငံရေးမှာ အမျိုးသမီးထု ပိုမို ပါဝင်လာစေဖို့ တွန်းအားပေး ထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာရော အမျိုးသမီးတွေအတွက် အမတ်နေရာ သီးသန့် ဖယ်ထားတဲ့ အလားတူ ခွဲတမ်း စနစ်ကို သုံးသင့်သလား၊ ဒါမှမဟုတ် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမို ပါဝင်လာစေနိုင်ဖို့ တခြား နည်းလမ်းတွေ ရှိသေးသလား ဆိုတာကို ဘီဘီစီက ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေရဲ့ အမြင်ကို တောင်းခံခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို တောင်းခံခဲ့ရာမှာ ဘီဘီစီ ဖေ့စ်ဘွတ် ပရိသတ်တွေက သူတို့ရဲ့ အမြင်အမျိုးမျိုးကို မှတ်ချက် ရေးသားပြီး တုံ့ပြန်ခဲ့ကြရာမှာ အဲဒီအထဲက အချို့ကို ကောက်နုတ်ပြီး အောက်မှာ စုစည်း ဖော်ပြထားပါတယ်။

စာဖတ်သူ အနေနဲ့ရော ဒီကိစ္စနဲ့ ပတ်သက်ပြီး အမြင်တစ်ခုခု ရှိတယ်ဆိုရင် ဒီနေရာ ကတဆင့် မှတ်ချက် ရေးသား ထားခဲ့နိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် Facebook
ဓာတ်ပုံ မူပိုင် Facebook
ဓာတ်ပုံ မူပိုင် Facebook
ဓာတ်ပုံ မူပိုင် Facebook
ဓာတ်ပုံ မူပိုင် Facebook
ဓာတ်ပုံ မူပိုင် Facebook
ဓာတ်ပုံ မူပိုင် Facebook
ဓာတ်ပုံ မူပိုင် Facebook

စာဖတ်သူ အနေနဲ့ရော ဒီကိစ္စနဲ့ ပတ်သက်ပြီး အမြင်တစ်ခုခု ရှိတယ်ဆိုရင် ဒီနေရာ ကတဆင့် မှတ်ချက် ရေးသား ထားခဲ့နိုင်ပါတယ်။