ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ

  • 21 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Union Election Commission
Image caption ပါတီအလံ

ပါတီအမည်

ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ

Democracy and Peace Party

ပါတီဥက္ကဋ္ဌ

ဦးစိုးမောင်

ယှည်ပြိုင်မည့်နေရာ

၇ နေရာ။ ၁၀ မြို့နယ်ကနေ ၁၅ မြို့နယ်။ ၁၀မြို့နယ်မှာ ကိုယ်စားလှယ်လောင်း ၃၀လောက် ပြိုင်မယ်။

၁၉၉ဝ ကတည်းက ပေါ်လစီအရ ပြည်နယ်တွေမှာ မပြိုင်ပါဘူး။ လွှတ်တော်ထဲရောက်မှ ပြည်နယ်တွေက တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ပေါင်းမယ်။

ရန်ကုန်မှာ ၃ မြို့နယ်၊ ၄ မြို့နယ်လောက် ဖြစ်မယ်။ ပဲခူးတိုင်းမှာ ၃မြို့နယ်၊ ၄မြို့နယ်။

အမတ်လောင်း အရည်အချင်းသတ်မှတ်ချက်

သက်ဆိုင်ရာ ဒေသတွေမှာ လူထုက လေးစားကြည်ညိုတဲ့ သူတွေနဲ့ ပညာ အရည်အချင်း မြင့်မားတဲ့သူတွေ အဓိကထား ရွေးတယ်။ လွှတ်တော်ထဲကို အရည်အချင်းပြည့်မီတဲ့ သူတွေ ရောက်စေချင်တယ်။ ပညာအရည်အချင်း တစ်ခုတည်းတင်မက နိုင်ငံရေး အရည်အချင်းလည်း ရှိဖို့လိုတယ်။ ဒီမိုကရေစီအတွက် စိတ်ချရတဲ့ အင်အားစု ပါတီတွေနဲ့ လွှတ်တော်ထဲမှာ မဟာမိတ် လုပ်ပါမယ်။

ပါတီရဲ့ မူဝါဒ

ဗြဟ္မစိုရ် တရားကို အခြေခံ၍ လွပ်လပ်ပြီး တရားမျှတသော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရန်။

ပါတီနယ်မြေ

ပြည်ထောင်စု တဝန်းလုံး

ပါတီရုံးချုပ် တည်ရှိရာ

အမှတ် (၁၅၁)၊ ဒုတိယထပ်၊ ၃၈ လမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး။

ဆက်သွယ်ရန် ဖုန်း

၀၉-၇၃၀၈၂၄၅၁၊ ၀၉-၇၃၂၀၄၈၃၄(ဦ:စိုးမောင်)၊ ၀၉-၇၃၁၃၃၇၇၇

ဒီသတင်းနဲ့ပတ်သက်သမျှ