၈၈ မျိုးဆက် ကျောင်းသားလူငယ်များ(ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ

  • 22 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Union Election Commission
Image caption ပါတီအလံ

ပါတီအမည်

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ

The 88 Generation Student Youths (Union of Myanmar)

ပါတီဥက္ကဋ္ဌ

ဦးရဲထွန်း

ပါတီဝင်အင်အား

တစ်သိန်း

ယှဉ်ပြိုင်မည့်နေရာ

၄၈ နေရာ။ ပြည်နယ် ၄ ခုနဲ့ တိုင်းကြီး ၆ တိုင်း။ ကချင်၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်း ဒေသကြီး။

ရည်ရွယ်ချက်

၂၀၁၅ အပြောင်းအလဲမှာ လူထုလိုလားတဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးဟာ ၈၈မျိုးဆက်တွေ လွှတ်တော်ထဲရောက်ပြီး လုပ်ပိုင်ခွင့်ရှိမှ ဖြစ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပါတယ်။

မြေယာမဲ့တွေ၊ ကျူးကျော်တွေ နှိမ်နင်းတာနဲ့ ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နိုင်ခဲ့တယ်။ မြေမဲ့ယာမဲ့တွေ ကိုယ်ပိုင်မြေ ရရှိရေးကို ဦးတည် ဆောင်ရွက်ပါတယ်။

ပါတီမူဝါဒ

နိုင်ငံတော်အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ရမည် ဟူသော မူကို အခြေခံ၍ အမျိုးသားနိုင်ငံရေးဖြင့် စစ်မှန်သော ဒီမိုကရေစီ ဖြစ်ပေါ်ရေး ဦးတည်ဆောင်ရွက်ရန်။

ပါတီနယ်မြေ

ပြည်ထောင်စုတဝန်းလုံး

ပါတီရုံးချုပ် တည်ရှိရာ

တိုက်(အက်ဖ်)၊ အခန်း(၃၀၁)၊ ပုလဲကွန်ဒိုမီနီယံ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဆက်သွယ်ရန် ဖုန်း

၀၁-၅၅၆၅၅၄၊ ၀၉-၅၁၉၇၆၂၆

ဒီသတင်းနဲ့ပတ်သက်သမျှ