NLD ပါ​တီ​ဝင်​တစ်​ဦး အတိုက်​အခိုက်ခံရ

  • 25 စက်တင်ဘာ 2015
nld_campaign ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံရေး အရ ကိုယ်ထိ လက်ရောက် တိုက်ခိုက်မှု မျိုး ဖြစ်ပေါ်။

၂၀၁၅ ရွေးကောက်ပွဲ အကြို ကာလ နိုင်ငံရေး ပါတီ တွေ ရဲ့ မဲဆွယ် စည်းရုံးရေး လုပ်ငန်း တွေ အရှိန် မြင့်လာ နေချိန် မှာပဲ နိုင်ငံရေး အရ ကိုယ်ထိ လက်ရောက် တိုက်ခိုက်မှု မျိုး ဖြစ်ပေါ် လာပါတယ်။

အဓိက အတိုက်အခံ ပါတီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ အဖွဲ့ဝင် တစ်ဦး ဟာ မြောင်းမြ မြို့နယ် ထဲမှာ သတိ မေ့မျော တဲ့ အထိ ခေါင်းကို အရိုက် ခံခဲ့ရပြီး သင်္ချိုင်းမှာ သွားပစ် ခံခဲ့ရတဲ့ အထိ အတိုက် အခိုက် ခံခဲ့ရပါတယ်။

သစ်ဆိမ့်ကုန်း ဆိုတဲ့ ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ NLD ပါတီ ရဲ့ မဲဆွယ်ပွဲ အပြီး လာရောက် ဟောပြောတဲ့ ပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာ စိုးမိုးသူ ကို မြောင်းမြ မြို့ ကို ပြန်လိုက် ပို့ ပေးခဲ့တဲ့ ရွာခံ ပါတီ၀င် ကိုနေမျိုးဟိန်းဟာ ရွာ အပြန် ခရီးမှာ ရိုက်နှက် ခံခဲ့ရတာ ဖြစ်ပါတယ်။

ကျူးလွန်သူ ဟာ ပြိုင်ဘက် အာဏာရ ပါတီ ဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ရဲ့ အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ဦးရွှေမောင် ဆိုသူ ဖြစ်တယ်လို့ ကိုနေမျိုးဟိန်း က ထွက်ဆိုပြီး မြို့နယ် ရဲစခန်း မှာ တိုင်ချက်ဖွင့် ထားပါတယ်။

NLD ပါတီ အလံ ကို လုယူပြီး မြေကြီးပေါ် ပစ်ချကာ သစ်သား မောင်းတုံးနဲ့ ခေါင်းကို ရိုက်ခဲ့တာ ဖြစ်တယ် လို့ မြောင်းမြ ဆေးရုံး ပေါ် ရောက် နေတဲ့ ကိုနေမျိုးဟိန်း က ဘီဘီစီ ကို ပြောပါတယ်။

တိုင်ကြား ခံရသူ ကတော့ လောလောဆယ် ရဲစခန်းကနေ အာမခံ နဲ့ အပြင်မှာ ပဲ ရှိနေပါတယ်။

ရန်ကုန် မြို့ပေါ်မှာလည်း မြို့နယ် တချို့မှာ ဆိုရင် NLD ပါတီ ရဲ့ မဲဆွယ် စည်းရုံးမှု တွေ အတွင်း ဆဲဆို နှောင့်ယှက်မှု တွေ ကြုံနေရတယ် ဆိုပြီး ပါတီဝင်တွေ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ