ဦးခင်ရွှေ က ဒေါ်အောင်ဆန်းစုကြည် ကို မဲပေးကြဖို့ တိုက်တွန်း

  • 27 စက်တင်ဘာ 2015
usdp ဓာတ်ပုံ မူပိုင် epa
Image caption ကြံ့ခိုင်ရေး အမျိုးသားလွှတ်တော်အမတ်လောင်း က ဒေါ်အောင်ဆန်းစုကြည် အတွက် မဲဆွယ်ပေး

ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ က ဦးခင်ရွှေ က ဒေါ်အောင်ဆန်းစုကြည် ကို မဲပေးကြဖို့ တိုက်တွန်း လိုက်ပါတယ်။

ကော့မှူးဒေသ ဘက်ကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း တယောက် အဖြစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ဦးခင်ရွှေ က ဒေါ်အောင်ဆန်းစုကြည် ဟာ ကော့မှူးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် အမတ် နေရာ အတွက် သူ့ကိုမီနိုင်တဲ့ ပြိုင်ဘက် ရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံအတွက် အနစ်နာခံခဲ့တာ များလှပြီမို့ သူ့အတွက် လည်း နိုင်ငံအတွက် လုပ်စရာ နေရာတခုပေးသင့်တယ် လို့လည်း သူက မြင်ပါတယ်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် ဒေါ်အောင်ဆန်းစုကြည် က လုပ်ဆောင်နိုင်လိမ့်မယ် လို့ သူ ထင်မြင်ကြောင်းလည်း ဘီဘီစီ ကို ပြောပါတယ်။

ဦးခင်ရွှေ ကိုယ်တိုင်ကတော့ ကော့မှူးဘက် နေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း တယောက် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာ ဖြစ်ပြီး သူလည်း နိုင်မှာ လို့ သူ့ကိုယ်သူ မျှော်လင့် ထားပါတယ်။