ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

  • 28 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Union Election Commission
Image caption ပါတီအလံ

ပါတီအမည်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

Union Solidarity and Development Party

ပါတီဥက္ကဋ္ဌ

ဦးဌေးဦး

ယှဉ်ပြိုင်မည့်နေရာ

၁၁၃၄ နေရာ။ ပြည်သူ့လွှတ်တော် ၃၁၈ နေရာ။ အမျိုးသားလွှတ်တော် ၁၆၅ နေရာ။ တိုင်းနဲ့ ပြည်နယ် လွှတ်တော် ၆၅၁ နေရာ။

ပါတီမူဝါဒ

(က) အမျိုးသားရေး မူဝါဒ။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးကို ထာဝစဉ် ဦးထိပ်ထားမည်။

( ခ) နိုင်ငံရေး မူဝါဒ။ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထား၍ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမည်။

( ဂ) စီပွားရေး မူဝါဒ။ ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးမည်။

(ဃ) နိုင်ငံခြားရေး မူဝါဒ။ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးမည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ချက်နှင့်အညီ ဆောင်ရွက်မည်။

( င) ကာကွယ်ရေး မူဝါဒ။ နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှ အပြည့်အဝ ကာကွယ်နိုင်စွမ်းရှိအောင် ကြိုးပမ်း ဆောင် ရွက်သွားမည်။

( စ) လူ့အခွင့်အရေးဆိုင်ရာ မူဝါဒ။ အခြေခံဥပဒေနှင့်အညီ နိုင်ငံသားတိုင်း၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အာမခံမည်။

(ဆ) တိုင်းရင်းသားရေးဆိုင်ရာ မူဝါဒ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အလေးထားမည်။ အခြေခံဥပဒေနှင့်အညီ တိုင်းရင်းသားများ၏ အခွင့်အရေးများကို အပြည့်အဝ ရရှိခံစားနိုင်အောင် ဖော်ဆောင်ပေးမည်။

(ဇ) တောင်သူလယ်သမားရေးဆိုင်ရာ မူဝါဒ။ ထောင်သူလယ်သမားများ၏ လူမူစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်မည်။ " လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့်"ကို အာမခံမည်။

( ဈ) အလုပ်သမားရေးဆိုင်ရာ မူဝါဒ။ အလုပ်သမားများ၏ လူမူစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်မည်။ အခြေခံ ဥပဒေနှင့်အညီ အလုပ်သမားများ၏ အခွင့်ရေးများကို အပြည့်အဝ ရရှိခံစားနိုင်အောင် ဖော်ဆောင်ပေးမည်။

(ည) ဘာသာရေးဆိုင်ရာ မူဝါဒ။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို အာမခံမည်။

( ဋ) ပူးပေါင်းဆောင်ရွက်ရေး မူဝါဒ။ အမျိုးသား အကျိုးစီးပွားကို အခြေခံပြီး ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မည်။

(ဌ) ပညာရေးမူဝါဒ။ ပညာရေးကို နိုင်ငံတကာအဆင့်မီ မြင့်မားအောင် ဆောင်ရွက်မည်။ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး အားပေးမြှင့်တင် ဆောင်ရွက်မည်။

( ဍ) ကျန်းမာရေး မူဝါဒ။ တစ်မျိုးသားလုံး သက်ရှည် ကျန်းမာ ကြံ့ခိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်။

( ဎ) ယဉ်ကျေးမှုဆိုင်ရာ မူဝါဒ။ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်ဆောင် ထိန်းသိမ်း မြှင့်တင်သွားမည်။

မှတ်ချက်

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လက်ရှိအာဏာရပါတီ ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ မြန်မာပြည်တဝှမ်း ၈၈၂ နေရာ အနိုင်ရခဲ့သည်။

ပါတီနယ်မြေ

ပြည်ထောင်စုတဝန်းလုံး

ပါတီရုံးချုပ် တည်ရှိရာ

အမှတ်(၅)၊ ရာဇသင်္ဂဟလမ်းနှင့်“စီ” လမ်းထောင့််၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။

ဆက်သွယ်ရန် ဖုန်း

၀၉-၈၆၀၄၀၀၁၊ ၀၆၇-၄၁၉၂၅၃၊ ၄၁၉၁၆၆၊ ၄၁၉၁၂၂၊ ၄၁၉၁၂၄၊ ၀၆၇-၄၁၉၁၂၅၊ ၄၁၉၂၅၀၊ ၄၁၉၂၄၄၊ ၀၆၇-၄၁၉၂၇၁/၄၁၉၀၈၃ (ဖက်စ်)

ဒီသတင်းနဲ့ပတ်သက်သမျှ