နိုင်ငံရေးအကျဉ်းသား အရေအတွက် ရာကျော်ထိအောင် ပြန်များလာ

  • 28 စက်တင်ဘာ 2015
naw_ohn_hla
Image caption နိုင်ငံရေး ကြောင့် ဖမ်းဆီး အကျဉ်းချ ခံရသူ အရေအတွက် ပြန်လည် များပြား လာ။

မြန်မာ နိုင်ငံ မှာ နိုင်ငံရေး အရ အကျဉ်းကျခံနေရတဲ့ ဦးရေ ပြန်လည် တိုးပွား လာနေပြီး အခု ဆိုရင် အယောက် ၁၀၀ ကျော် ရှိနေတဲ့ အပြင် နိုင်ငံရေး ယုံကြည်မှု ကြောင့် တရား ရင်ဆိုင် နေရသူ တွေ လည်း အယောက် ၅၀၀ ဝန်းကျင် ရှိတယ် လို့ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ FPPS က ပြောပါတယ်။

မြန်မာ အစိုးရ အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိ ဖို့ လုပ်ဆောင် နေတဲ့ ကာလ ဖြစ်သလို ၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ကိုလည်း လွတ်လပ် ပြီး တရားမျှတ မှု ရှိရစေမယ် ဆိုပြီး အာမခံ ထားတဲ့ အတွက် အခုလို နိုင်ငံရေး အကျဉ်းသား တွေ ရှိ နေတာ ဟာ မဖြစ်သင့် ဘူး လို့ FPPS အဖွဲ့ က ဦးဆောင် ကော်မတီဝင် တစ်ဦး ဖြစ်တဲ့ ကိုတင်မောင်ဦး က ဘီဘီစီ ကို ပြောပါတယ်။

သမ္မတဦးစိန် အစိုးရ တက်လာ ခဲ့ပြီးတဲ့ နောက် နိုင်ငံရေး အကျဉ်းသား တွေ ကို လွှတ်ပေး ခဲ့ တာမှာ ၂၀၁၃ အကုန်ပိုင်း မှာတော့ အကျဉ်းသား ၂၇ ဦး ပဲ ကျန် တော့ တာကနေ နိုင်ငံရေး ကြောင့် ဖမ်းဆီး အကျဉ်းချ ခံရသူ အရေအတွက် ပြန်လည် များပြား လာတာ ဖြစ်တယ် လို့လည်း ကိုတင်မောင်ဦး က ဆိုပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းတွေ နဲ့ နိုင်ငံရေး ဖြစ်စဉ် တွေ မှာ ပါဝင် နိုင်ဖို့ ဖမ်းဆီး ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ကို အမြန်ဆုံး ပြန်လွှတ် ပေးပါ ဆိုပြီး နိုင်ငံရေး အကျဉ်းသားများ စောင့်ရှောက်ရေး အဖွဲ့ AAPP နဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ FPPS က စက်တင်ဘာ ၂၈ ရက်စွဲ နဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ