ရွေးကောက်ပွဲ မနိုင်မယ့်နေရာတွေမှာ အစိုးရ စစ်တိုက်နေတယ်လို့ TNLA စွပ်စွဲ

  • 28 စက်တင်ဘာ 2015
_ta_ang_national_liberation_army_troops ဓာတ်ပုံ မူပိုင် AP
Image caption တအာင်းပလောင် ဒေသ ထဲ အခု သီတင်း ပတ် တွေ ထဲမှာတင် တိုက်ပွဲ ၁၆ ကြိမ် ဖြစ်ပေါ် လာခဲ့။

မြန်မာ အစိုးရ အနေနဲ့ ရွေးကောက်ပွဲ နိုင်ခြေ မရှိ တဲ့ နေရာ တွေ မှာ နယ်မြေ တည်ငြိမ် မှု မရှိတဲ့ အကြောင်း ပြချက် နဲ့ ရွေးကောက်ပွဲ မကျင်းပ နိုင်ဖို့ ရာ တိုက်ပွဲ တွေ ဖော်ဆောင် နေတာ ဖြစ်တယ် ဆိုပြီး တအာင်းပလောင် တပ် TNLA က စွပ်စွဲ ပြောကြား လိုက် ပါတယ်။

ရှမ်းပြည် မြောက်ပိုင်း တအာင်းပလောင် ဒေသ ထဲမှာ အစိုးရ တပ်မ ၃ ခု ရဲ့ လက်အောက်ခံ တပ် တွေ ဟာ လူသူ လက်နက် ရိက္ခာ တိုးမြှင့် ချ ထား နေပြီး ဒေသခံ TNLA တပ် တွေ ကို လိုက်လံ တိုက်ခိုက် နေတဲ့ အတွက် အခု သီတင်း ပတ် တွေ ထဲမှာတင် တိုက်ပွဲ ၁၆ ကြိမ် ဖြစ်ပေါ် လာခဲ့ ရတယ် လို့ TNLA ရဲ့ ပြန်ကြားရေး ဌာနမှုး ဗိုလ်ကြီး တာအိုက်ကျော် က ဘီဘီစီ ကို ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မှာ ဒေသခံ တွေ လွတ်လွတ်လပ်လပ် မဲပေး နိုင်ဖို့ အတွက် အခု အချိန်က စပြီး ရွေးကောက်ပွဲ ပြီးဆုံးတဲ့ ကာလ အထိ TNLA အနေနဲ့ မိမိကိုယ်ကို ခုခံ ကာကွယ် တဲ့ စစ် က လွဲပြီး အစိုးရ တပ် နဲ့ အကြား ထိပ်တိုက် ရင်ဆိုင် မှု တွေ ကို အတတ် နိုင်ဆုံး ရှောင်ရှား လို့ စစ်ပွဲ အရှိန် လျှော့ချ သွားမယ် ဆိုပြီး ထုတ်ပြန် ထားပါတယ်။

တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ကို ထောက်ခံ ပေမယ့် ဘ၀တူ လူမျိုးစု လက်နက်ကိုင် တပ် တချို့ ကို ချန်ပြီး စာချုပ် ကို လက်မှတ် ရေးထိုး မှာ မဟုတ် ဘူး လို့လည်း TNLA က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ