ဗြိတိသျှဆယ်ကျော်သက်ကို ထောင်ဒဏ်တသက်ချ

ဓာတ်ပုံ မူပိုင် Julia Quenzler
Image caption မန်ချက်စတာတရားရုံး

ဩစတေးလျ ရဲတပ်ဖွဲ့ဝင်များအား ခေါင်းဖြတ်သတ်ရန် ကြံစည်မှုဖြင့် ၁၅နှစ် အရွယ် ဗြိတိန်တစ်ဦးကို တရားရုံးကတသက်ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။

ဩစတေလျနိင်ငံက အန်းဇက်ချီတက်ပွဲမှာ ရဲတပ်ဖွဲ့ဝင်များကိုခေါင်းဖြတ်သတ်ရန်ကြံစည်မှုဖြင့် အသက်၁၅ နှစ်သာရှိသေးတဲ့ ဗြိတိန်ဆယ်ကျော်သက်ယောကျာၤလေးတစ်ဦး ကို မန်ချက်စတာတရားရုံးက တသက်တ ကျွန်းပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ပြစ်ဒဏ်အရတရားခံဟာ နောက်၅နှစ်အတွင်း မည်သည့်အယူခံမှဝင်ခွင့်မရှိ အကျဉ်းထောင်ထဲမှာနေရမှာဖြစ်ပြီး၊ ၅နှစ်ပီးမှသာအယူခံကိုတရားရုံးက စဉ်းစားမှာဖြစ်တယ်။ သူဟာအကြမ်းဖက်ရန်ကြံစည်မှုဖြင့် ပြစ်ဒဏ် ချမှတ်ခံ ရတဲ့အသက် အငယ်ဆုံးဗြိတိန်နိူင်ငံသားများဖြစ် ပါတယ်။ဩစတေးလျက မွတ်စလင်အစွန်းရောက်တစ်ဦးထံကိုသူ့ရဲ့အကြမ်းဖက် အစီအစဉ် အသေးစိတ်ကို အွန်လိုင်းကနေမက်ဆေ့ခ်ျအမြောက်အများပို့ခဲ့တယ်လို့တရားရုံးကထုတ်ပြန်ခဲ့ပါတယ်။ဘလက်ဘန်းမှာရှိတဲ့သူ့ရဲ့နေအိမ်ကိုရဲတပ်ဖွဲ့ကရှာဖွေတဲ့အချိန်မှာ အစ္စလာမစ်စတိတ်စာတန်းထွင်းထားတဲ့သစ်သားသေတ္တာတစ်လုံး ကိုတွေ့ရှိခဲ့ပါတယ်။ ပထမကမ္ဘာစစ်အတွင်းမှာပါဝင်တိုက် ခိုက် ခဲ့တဲ့ ဩစတျေး လျစစ်သားများကိုဂုဏ်ပြုသည့်အနေဖြင့် နှစ်စဉ်ဧပြီလ ၂၅ရက်နေ့ရောက်တိုင်း ဩစတေးလျနိူင်ငံမဲလ်ဘုန်းမြို့မှာ အန်းဇက်နေ့ Anzac Day ချီတက်ပွဲကိုပြုလုပ်လျက်ရှိပါတယ်။