ပါတီတွေရဲ့ ဆိုင်းဘုတ်တွေ ဖျက်စီးခံရမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေ

  • 2 အောက်တိုဘာ 2015
party_signboard_vandalized
Image caption အမ်းမြို့နယ် ဒလက်အုပ်စု၊ အနောက် ရွာမှာ တော့ ချင်း ဒီမိုကရေစီအ ဖွဲ့ချုပ် ပါတီ ဆိုင်းဘုတ်ကို ဖြုတ်ချ ပေးဖို့ လူတစုက ဖိအား ပေး။

ရွေးကောက်ပွဲ အကြို ကာလ မှာ နိုင်ငံရေး ပါတီ တွေ က မဲဆွယ် စည်းရုံးမှု တွေ ကိုယ်စီ အရှိန်မြှင့် ပြုလုပ် နေကြ သလို တစ်ဘက်မှာလည်း ပါတီ ဆိုင်းဘုတ်တွေ၊ ဗီနိုင်း ပိုစတာ တွေ ဖျက်စီး ခံရတာမျိုး ကို နိုင်ငံတွင်း နေရာ အနှံ့ မှာ ပါတီ အသီးသီး ကြုံတွေ့ နေရပါတယ်။

ရခိုင်ပြည် ဂွမြိုနယ် ထဲ မှာ ရခိုင် အမျိုးသား ပါတီ ရဲ့ လွှတ်တော် ကိုယ်စားလှယ် လောင်း တွေ ရဲ့ ဓာတ်ပုံတွေ၊ ပါတီ ရဲ့ ရည်ရွယ်ချက် တွေ ရေးသား ပြီး ထူ ထားတဲ့ ဗီနိုင်း ပိုစတာ ကြီး တစ်ချပ် ဖျက်စီး ခံခဲ့ရလို့ ရဲစခန်း ကို တိုင်ကြား ထားတယ် ဆိုပြီး ရခိုင် အမျိုးသား ပါတီဝင် ဂွမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်ညို က ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ လထဲ ကပဲ စစ်တွေ မြို့ ပေါ် နဲ့ အမ်းမြို့နယ် ထဲ မှာ ရခိုင်မျိုးချစ်ပါတီ နဲ့ ရခိုင်အမျိုးသားပါတီ တို့ရဲ့ ဆိုင်းဘုတ် တွေ ဖျက်စီး ခံခဲ့ရ သလို အမ်းမြို့နယ် ဒလက်အုပ်စု၊ အနောက် ရွာမှာ တော့ ချင်း ဒီမိုကရေစီအ ဖွဲ့ချုပ် ပါတီ ဆိုင်းဘုတ်ကို ဖြုတ်ချ ပေးဖို့ လူတစုက ဖိအား ပေးခဲ့တယ် လို့ သိရပါတယ်။

ရန်ကုန် မြို့ လှိုင်မြို့နယ် အပါအဝင် မကွေးတိုင်း ဂန့်ဂေါ မြို့ အပါအဝင် စစ်ကိုင်းတိုင်းထဲ က နေရာ တချို့ မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ရဲ့ ဆိုင်းဘုတ် တွေ ဖျက်စီး ခံခဲ့ ရလို့ သက်ဆိုင်ရာ အာဏာပိုင် တွေ ကို တိုင်ကြား ထားတယ် ဆိုပြီး ပါတီ ပြောခွင့်ရ တစ်ဦး ဖြစ်တဲ့ ဦးဝင်းထိန် က ဘီဘီစီ ကို ပြောပါတယ်။

ခုလို အလုပ်တွေ ကို ဘယ်သူတွေက ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်နေတယ် ဆိုတာ ရှင်းရှင်း လင်းလင်း မသိရ သေးပေမယ့် ရွေးကောက်ပွဲ အကြို ကာလမှာ နိုင်ငံရေး အရ ကိုယ်ထိ လက်ရောက် အကြမ်းဖက် တိုက်ခိုက်မှု တွေ အထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာ မလား ဆိုပြီး လူတွေ ကြားထဲ စိုးရိမ် မှု တွေ တိုးမြှင့် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ