ကာဗွန်ထုတ်လွှတ်မှု အိန္ဒိယလျော့ချသွားမယ်

  • 2 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AP

ကာဗွန်ဒိုက်အောက်ဆိုက်ဒ် ထုတ်လွှတ်မှု တတိယအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက ကာဗွန်ထုတ်လွှတ်မှု ၂၀၃၀ မှာ ၃၅ ရာခိုင်နှုန်းအထိ လျော့ချသွားမယ်လို့ ဆိုပါတယ်။

ဒီလိုကာဗွန် ထုတ်လွှတ်မှု လျော့ချရေးကို စီမံချက်ထား လုပ်ဆောင် သွားမယ်လို့ အိန္ဒိယသဘာဝပါတ်ဝန်းကျင် ထိန်သိမ်းရေးဝန်ကြီး ပရာကာ ဟာဗာဒေကာ က အခုလိုပြောပါတယ်။

ကျနော် တို့ နိုင်ငံက ပြဿနာပေးနေတဲ့ နိုင်ငံ မဟုတ်ပါဘူး။ ဖြေရှင်းဖို့ ကြိုးစား နေတဲ့ နိုင်ငံပါ။ ကာဗွန် ထုတ်လွှတ်မှုလျော့ချ နိုင်အောင် ပူးပေါင်း ဆောင်ရွက်မှာလည်း ဖြစ်ပါတယ်။ ကျနော် တို့ နိုင်ငံ ရဲ့ရေထု၊ လေထုနဲ့ ပါတ်ဝန်းကျင် သန့်ရှင်းတာကို ကျနော်တို့လည်းလိုချင်ပါတယ် လို့ ပြောသွားတာပါ။

အိန္ဒိယရဲ့ ရာသီဥတု ပြောင်းလဲ နေတာနဲ့ ပါတ်သက်လို့ တိုက်ဖျက်ရေး စီမံချက် အသစ်ဟာ ပါရီမှာ ကျင်းပမဲ့ သဘာဝ ပါတ်ဝန်းကျင် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ညီလာခံ မတိုင်ခင် ထုတ်ဖော် ပြောကြားခဲ့တာပါ။ ပြီးတော့ အိန္ဒိယ အစိုးရက ကာဗွန် ထုတ်လွှတ်မှုကို လျော့ချတဲ့ အနေနဲ့ လောင်စာ ကနေ လျှပ်စစ် ထုတ်လုပ်နေတာတွေကို နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ် ဓါတ်အား ထုတ်လုပ်မှုနဲ့ အစားထိုး ဆောင်ရွယ်မယ် လို့လည်း ဆိုပါတယ်။