အစိုးရဝန်ကြီး ဥပေဒဖောက်ဖျက် မဲဆွယ်တယ်လို့ စွပ်စွဲခံရ

  • 2 အောက်တိုဘာ 2015
_myanmar_usdp_ ဓာတ်ပုံ မူပိုင် AP
Image caption မဲဆန္ဒတွေ ကို လာဘ်ပေး သလို မျိုး ညှိနှိုင်းပြီး ရယူ ဖို့ ကြိုးစား တာဟာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၈ (က) နဲ့ ငြိစွန်း ပြီး ရဲ အရေး ပိုင်တဲ့ အမှု ဖြစ်တယ်။

လက်ရှိ ဗဟို အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦး ဟာ သူ့ရဲ့ ရာထူး နေရာ နဲ့ လုပ်ပိုင် ခွင့် ကို အသုံးပြု ပြီး လာမယ့် ရွေးကောက်ပွဲ အတွက် မဲဆွယ် နေလို့ ဆိုကာ ပြိုင်ဘက် အတိုက်အခံ ပါတီ လွှတ်တော် အမတ် ကနေ ရဲ စခန်းမှာ အမှု ဖွင့် လိုက် ပါတယ်။

လျှပ်စစ် ဝန်ကြီးဌာန ရဲ့ ပြည်ထောင်စု အဆင့် ဝန်ကြီး ဦးခင်မောင်စိုး ဟာ နိုဝင်ဘာ မှာ ကျင်းပဖို့ စီစဉ် ထားတဲ့ ရွေးကောက်ပွဲ မှာ သူဝင် ပြိုင် မယ့် ရန်ကုန်တိုင်း လှည်းကူး မြို့နယ် ထဲ သူ့ကို မဲပေးရင် လျှပ်စစ် ဓာတ်တိုင်တွေ ထောင်ပေးမယ်၊ မီးလင်း ရစေမယ် ဆိုပြီး မဲဆွယ် စည်းရုံး နေတယ် လို့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း က စွပ်စွဲ နေတာ ဖြစ်ပါတယ်။

မဲဆန္ဒတွေ ကို လာဘ်ပေး သလို မျိုး ညှိနှိုင်းပြီး ရယူ ဖို့ ကြိုးစား တာဟာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၈ (က) နဲ့ ငြိစွန်း ပြီး ရဲ အရေး ပိုင်တဲ့ အမှု ဖြစ်တယ် လို့ ဦးဖြိုးမင်းသိန်း က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့ကြောင့် ဝန်ကြီး ဦးခင်မောင်စိုး အပါအဝင် အာဏာရ ကြံခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီဝင် ၇ ဦး ကို လှည်းကူးမြို့မ ရဲစခန်း မှာ အမှု ဖွင့် ထားတယ် ဆိုပြီး ဦးဖြိုးမင်းသိန်း က ပြောပါတယ်။

လှည်းကူး မြို့နယ် ထဲမှာ ရွေးကောက်ပွဲ ဝင် ကြမယ့် တခြား ပါတီငယ် တချို့ ရှိပေမယ့် အဓိက မဲဆွယ် စည်းရုံးမှု တွေ ပြုလုပ် နေကြတာ ကတော့ အာဏာရ ပါတီ နဲ့ NLD တို့ ပဲ ဖြစ်ပြီး အခုလို စွပ်စွဲ တိုင်ကြား မှု တွေ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ