ပြည်ပ မွတ်ဆလင်အဖွဲ့က သမ္မတဦးသိန်းစိန်ကို တရားစွဲ

  • 2 အောက်တိုဘာ 2015
Burmese President U Thein
Image caption ရွေးကောက်ပွဲနီးလာချိန်မှာ သမ္မတက နိုင်ငံတဝန်း စည်းရုံးရေး ဆင်းနေ

မြန်မာ နိုင်ငံ ရခိုင်ပြည်နယ် အတွင်းက မွတ်ဆလင်တွေကို လူ့အခွင့်အရေး ချိုးဖောက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီး တချို့ကို နယူးယောက်မှာ ရှိတဲ့ အမေရိကန် ဖက်ဒရယ် တရားရုံးတစ်ခုက ဆင့်ခေါ်စာ ထုတ်လိုက်ပါတယ်။

မြန်မာအစိုးရဟာ ရိုဟင်ဂျာ တွေကို မြန်မာ မြေပေါ်မှာ မရှိအောင်လုပ်တယ်၊ လူမျိုး တုန်းအောင် လုပ်တယ် ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ အမေရိကန် က မွတ်ဆလင် ၁၉ ဖွဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ Burma Task Force USA (BTF) အဖွဲ့က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အစိုးရ ဘက်ကတော့ မြန်မာ နိုင်ငံဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံဖြစ်တယ်၊ သမ္မတနဲ့ အစိုးရ အဖွဲ့ဝင်တွေဟာ မြန်မာ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ ပေးအပ်ထားတဲ့ အာဏာကို ကျင့်သုံးနေတာဖြစ်တဲ့ အတွက် တခြား နိုင်ငံရဲ့ တရားရုံးမှာ သွားရောက် ဖြေရှင်းစရာ မလိုဘူးလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

လူမျိုး တုန်းသတ်ဖြတ်တယ်ဆိုတဲ့ သူတို့ရဲ့ စွပ်စွဲချက် နဲ့ ပတ်သက်လို့လည်း လူ့အခွင့် အရေး ကောင်စီမှာ တင်သွင်းတဲ့ အစီရင်ခံစာတွေတောင် တခါမှ သုံးနှုန်း ပြောဆိုတာ မရှိခဲ့ဖူးတဲ့ အတွက် မူလ စွဲဆိုချက်ကိုက မှားယွင်းတယ်လို့ သူက ပြောဆို ပယ်ချပါတယ်။

လာမယ့် နိုဝင်ဘာလ ဆိုရင် ရွေးကောက်ပွဲတွေ လုပ်တော့မယ့် အချိန်မှာ အခုလို အမေရိကန်ရောက် ဘင်္ဂါလီ အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ လုပ်ဆောင်မှုက မြန်မာ နိုင်ငံရဲ့ အရေးကြီးတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ကို ပျက်ပြားစေချင်လို့လား၊ တည်ငြိမ်အေးချမ်း နေတဲ့ အချိန်မှာ ပဋိပက္ခဖြစ်အောင် တမင် လုပ်ဆောင်တာလားလို့ သံသယ ရှိကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ