အဖွဲ့ အားလုံးမပါရင် တနိုင်ငံလုံးအပစ်ရပ် မပီပြင်လို့ UNFC ဝေဖန်

  • 3 အောက်တိုဘာ 2015
nca_draft_agreed_march_
Image caption အစိုးရ စစ်တပ် က တိုင်းရင်းသား နယ်မြေ တွေ မှာ ထိုးစစ်ဆင်တာ တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် လာတာ ကလည်း အပစ်ရပ်စဲ နိုင်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကို အဓိက အဟန့်အတား ဖြစ်စေတယ်။

တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ကို လက်မှတ်ထိုး မယ့် ရက်သတ်မှတ် နိုင်ဖို့ အတွက် ကရင် လက်နက်ကိုင်တပ် KNU နဲ့ ကျောင်းသားတပ် မတော် ABSDF အပါအဝင် လက်နက်ကိုင် ၈ ဖွဲ့ နဲ့ အစိုးရ ကိုယ်စားလှယ်တွေ အောက်တိုဘာ ၄ ရက်တနင်္ဂနွေ နေ့ မှာ တွေ့ဆုံ ကြဖို့ ရှိပါတယ်။

အခုလို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အစုံအလင် မပါဝင်ပဲ NCA ကို လက်မှတ်ထိုးဖို့ လုပ်ဆောင် နေကြတဲ့ အပေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ဝေဖန် လိုက် ပါတယ်။

ရသမျှ သီးခြားစီ အဖွဲ့ တွေ နဲ့ လက်မှတ် ရေးထိုးမယ် ဆိုရင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပီပြင်မှာ မဟုတ်သလို လက်တွေ့ မှာလည်း တနိုင်ငံလုံး သေနတ်သံ တိတ်မှာ မဟုတ်ဘူး ဆိုပြီး UNFC ရဲ့ ဒုတိယ ဥက္ကဌ နိုင်ဟံသာ က ဘီဘီစီ ကို ပြောပါတယ်။

NCA အတွက် စေ့စပ် ညှိနှိုင်း နေကြတဲ့ တလျှောက် အစိုးရ စစ်တပ် က တိုင်းရင်းသား နယ်မြေ တွေ မှာ ထိုးစစ်ဆင်တာ တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် လာတာ ကလည်း အပစ်ရပ်စဲ နိုင်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကို အဓိက အဟန့်အတား ဖြစ်စေတယ် လို့ UNFC က ထုတ်ပြန် ထားပါတယ်။

NCA စာချုပ်ပါ စာသားတွေ အပေါ် အစိုးရနဲ့ တိုင်းရင်းသားတပ် တွေ အကြား နှစ်ဘက် သဘောတူ ခဲ့ကြပြီ ဖြစ်ပေမယ့် တကယ်တမ်း လက်မှတ် ရေးထိုးတဲ့ အခါ တိုင်းရင်းသား လက်နက်ကိုင် တပ် တွေ အားလုံး တပါတည်း ပါဝင် နိုင်ရေး မူ အပေါ် မှာ အစိုးရ က လက်မခံ နိုင် ဖြစ်နေတာပါ။

ရသမျှ အဖွဲ့ တွေ နဲ့ လက်မှတ် ထိုးဖို့ ကို သဘောတူ ခဲ့ကြတဲ့ အဖွဲ့ ၈ ဖွဲ့ နဲ့ အစိုးရ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ တို့ တွေ့ဆုံ ကြပြီး ပူးပေါင်း ကော်မတီ တစ်ရပ် ဖွဲ့ဖို့ လုပ်ဆောင် မှာ ဖြစ်တယ် လို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ