ရှမ်းပြည်တောင်ပိုင်းနယ်တွေမှာ ရွေးကောက်ပွဲမဲဆွယ်မှုတွေ မဖြစ်နိုင်သေး

  • 3 အောက်တိုဘာ 2015
rcss_ssa ဓာတ်ပုံ မူပိုင် AP
Image caption နယ်မြေခံ RCSS တာဝန်ခံ တွေ က နယ်မြေ မငြိမ်းချမ်း သေးဘူး ဆိုတဲ့ အကြောင်း ပြချက် နဲ့ နိုင်ငံရေး ပါတီ တွေ စည်းရုံးမှု တွေ မလုပ် ဖို့ တားမြစ် နေတယ်။

ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/SSA အဖွဲ့ က သူတို့ရဲ့ ထိန်းချုပ်မြေ ထဲ မှာ နိုင်ငံရေးပါတီ တွေ မဲဆွယ် စည်းရုံး ခွင့် ပြန်လည် ခွင့် ပြု လိုက်ပါတယ်။

ဒါပေမယ့် တကယ် လက်တွေ့ မှာတော့ နယ်မြေခံ RCSS တာဝန်ခံ တွေ က နယ်မြေ မငြိမ်းချမ်း သေးဘူး ဆိုတဲ့ အကြောင်း ပြချက် နဲ့ နိုင်ငံရေး ပါတီ တွေ စည်းရုံးမှု တွေ မလုပ် ဖို့ တားမြစ် နေတယ် လို့ လွယ်လင် မြို့နယ် ထဲ ကို သွားရောက် ခဲ့တဲ့ SNLD ပါတီ က ပြောရေး ဆိုခွင့် ရှိသူ စောယွန်းပိုင်က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ရှမ်းပြည် တောင်ပိုင်း မဲဆွယ်ပွဲ ခရီးစဉ် တွေ လည်း ဖျက်သိမ်း ခဲ့ရတယ် ဆိုပြီး ကျေးသီးမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်က ဝင်ရောက် ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ် ဦးအောင်သန်းဝင်း က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ လလယ် ပိုင်းက အစိုးရ စစ်တပ် နဲ့ RCSS/SSA ကြား တိုက်ပွဲ တွေ ဖြစ်ပေါ် ခဲ့တာပါ။

ရှမ်းပြည် မှာ မြို့နယ် ၅၅ မြို့နယ် ရှိတဲ့ အထဲက ၄ မြို့နယ် မှာ နယ်မြေ စိုးမိုးမှု မရှိလို့ ဆိုပြီး အစိုးရ က ရွေးကောက်ပွဲ ကျင်းပ မှာ မဟုတ်ကြောင်း ပြောထား သလို ၊ နိုဝင်ဘာ လ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုတဲ့ နေရာ တွေ မှာလည်း အခုလို အောက်တိုဘာ ပထမ ပတ် ထဲ ရောက် လာတဲ့ တိုင်အောင် နိုင်ငံရေး ပါတီ တွေ အနေနဲ့ မဲဆွယ် စည်းရုံးရေး လုပ်ငန်း တွေ မလုပ်ဆောင် နိုင် ဖြစ်နေကြတာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ