ဩစတေးလျရဲကိုပစ်သတ်တဲ့လူငယ် အသေဖမ်းမိ

  • 3 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Reuters

သောကြာနေ့က ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ရဲဝန်ထမ်းတစ်ဦးကို သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ လူငယ်ကို ရဲတပ်ဖွဲ့ကအသေဖမ်းဆီးရမိခဲ့ပါတယ်။

ဒီလူငယ်ဟာ အီရန်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ ကာဒ်လူမျိုးတစ်ဦး ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ ဩစတေးလျနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အသက်၁၅နှစ်အရွယ် လူငယ် တစ်ဦး ရဲဝန်ထမ်းတစ်ဦးကိုပစ်ခတ်တိုက်ခိုက်ခဲ့မှုဟာ အကြမ်းဖက်ဝါဒဆက်နွယ်နေတယ် လို့ရဲတပ်ဖွဲ့ ကပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှု နဲ့ ပါတ်သက်လို့ ဩစတေးလျ ဝန်ကြီးချုပ် မဲလ်ကွန်တန်ဘူးက အခုလိုပြောခဲ့ပါတယ်။ ဒီပစ်ခတ်မှုက တုန်လှုပ်ခြောက်ခြားဖွယ် မှုခင်းပါ။ နယူးဆောက်ဝေး ရဲဝန်ထမ်းကို သွေးအေးအေး သတ်ဖြတ်သွားခဲ့ပါတယ်။ ပိုပြီး ချောက်ချားစေတာက ကျူးလွန်သူဟာ ၁၅ နှစ်အရွယ်လူငယ် ဖြစ်နေတာပါပဲ။ ဩစတေးလျ မူစလင် အသိုင်းအဝိုင်း မှာလည်း မယုံကြည်နိုင်မှုတွေ ဖြစ်ပေါ် နေမှာပါ။ ပြီးတော့ ဒီလိုမျိုး လူငယ်တွေကို အကြမ်းဖက်ဖို့တိုက်တွန်း တာတွေကို ကျနော်တို့ပူးပေါင်းတိုက်ဖျက်ဖို့ လိုပါတယ်လို့ ပြောသွားပါတယ်။

တာဝန်ရှိသူတွေက အဲဒီလူငယ်ဟာ အကြမ်းဖက်မှုကို တစ်ယောက်တည်း ဆုံးဖြတ်လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ ဝန်ကြီးချုပ် ဖြစ်သူ မဲလ်ကွန်တန်ဘူး ကတော့ အခုလိုလူငယ် တစ်ယောက်ပစ်ခတ် မှုကြောင့် မူစလင်တွေကို အပြစ်မတင်ဖို့နဲ့ မဆင်မခြင်ပြောဆိုခြင်းမပြုဖို့ တိုက်တွန်း ထားပါတယ်။

အိုက်အက်စ်အကြမ်းဖက်အဖွဲ့က အကြမ်းဖက်လုပ်ငန်းများလုပ်ကိုင်ရန် မွတ်စလင် လူငယ် များကိုအင်တာနက်ကတဆင့်စည်းရုံးစေခိုင်းမှုများရှိနေပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ကလည်း ဩစတေးလျရဲတပ်ဖွဲ့ဝင်များကိုခေါင်းဖြတ်သတ်ဖြတ်ရန်ကြံစံည်မှုဖြင့် ဗြိတိသျှလူငယ်တစ်ဦးကို မန်ချက်စတာတရားရုံးက ထောင်ဒဏ်တသက်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။