ရွေးကောက်ပွဲလမ်းကို မထောက်ခံဘူးလို့ ဗကသဥက္ကဌပြော

  • 4 အောက်တိုဘာ 2015
_bakatha_long_march
Image caption ၂၀၀၈ ဖွဲ့ စည်းပုံ အောက်ကို ၀င် တဲ့ လမ်းကြောင်း ကိုတော့ ဗကသ က ပူးပေါင်း ပါဝင် ကူညီ မှာ မဟုတ်။

၂၀၀၈ ဖွဲ့စည်းပုံ လုံးဝ ဖျက်သိမ်းရေး ကို လိုလားတဲ့ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ အနေနဲ့ အဲဒီ့ ဖွဲ့စည်းပုံ အောက်က ကျင်းပ ရတဲ့ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲ အတွင်း ဘယ်ပါတီ ကို မဲထည့်ပါ ဆိုပြီး တိုက်တွန်း မှာ မဟုတ်ဘူး လို့ ဗကသ ဥက္ကဌ ကျော်ကိုကို က ပြောလိုက် ပါတယ်။

ဗကသ အဖွဲ့ဝင် တစ်ဦး ချင်းစီ အနေနဲ့ တော့ ကိုယ် နှစ်သက်ရာ နိုင်ငံရေး ပါတီ ကို ကူညီ ပံ့ပိုးတာ မျိုး ရှိကောင်း ရှိ လိမ့်မယ် လို့လည်း ဥက္ကဌ ကျော်ကိုကို က ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ကို ပြင်ဆင် နိုင်ဖို့ အတွက် ဆိုရင် လွှတ်တော်တွင်း လမ်းကြောင်း တစ်ခုတည်း ကို မရွေးချယ် သင့်ပဲ လွှတ်တော်တွင်း လွှတ်တော် ပ ဖိအား ပေးတာ မျိုး ကို ပိုမို လိုလားတယ် လို့ ဗကသ ဥက္ကဌ က ဘီဘီစီ ကို ပြောပါတယ်။

ဗကသ အနေနဲ့ လွှတ်တော် ပြင်ပ နိုင်ငံရေး လမ်းကြောင်းကနေ ၂၀၀၈ ဖွဲ့စည်းပုံ ကို ပြင်ဆင် မှာ မျိုးကို ပိုပြီး ထောက်ခံ အားပေးတယ် လို့လည်း ကိုကျော်ကိုကို က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံ နိုင်ငံရေး ပါတီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင် နိုင်ရေး အတွက် လို့ ဆိုကာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကို ဝင်ရောက် ခဲ့တာ ဖြစ်ပေ မယ့် လက်တွေ့မှာ ပုဒ်မ ၄၃၆ တစ်ခု တည်း ကိုတောင် မပြင်ဆင် နိုင်ခဲ့ ဘူး လို့လည်း ကိုကျော်ကိုကို က သုံးသပ် ပါတယ်။

ဒီမိုကရေစီ အရေး လှုပ်ရှားမှု တွေ အနေနဲ့ ဗကသ က ပြုလုပ် ခဲ့တဲ့ လမ်းပေါ်ထွက် ဆန္ဒပြ တဲ့ ဖြစ်ရပ် တွေ မှာ NLD အောက်ခြေ ပါတီ ဝင် တွေ က ဝိုင်းရံ ခဲ့တာ မျိုး နဲ့ NLD လှုပ်ရှား မှု တချို့ မှာ ဗကသ အဖွဲ့ဝင် တွေ ကူညီ ခဲ့တာ မျိုး တွေ ရှိ ခဲ့တာ မှန် ပေမယ့် ၂၀၀၈ ဖွဲ့ စည်းပုံ အောက်ကို ၀င် တဲ့ လမ်းကြောင်း ကိုတော့ ဗကသ က ပူးပေါင်း ပါဝင် ကူညီ မှာ မဟုတ်ဘူး ဆိုပြီး ဗကသ ဥက္ကဌ က ပြောကြား လာတာ ဖြစ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ