NCA အလွန် နိုင်ငံရေး ဆွေးနွေးပွဲတွေ အတွက် စတင် ပြင်ဆင်

  • 5 အောက်တိုဘာ 2015
army_soldier ဓာတ်ပုံ မူပိုင်
Image caption အောက်တိုဘာ ၁၅ ရက် နေ့ မှာ လက်မှတ်ထိုးမယ် ဆိုတဲ့ NCA ထဲ မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ ပဲ ပါဝင် မှာ ဖြစ်ပါတယ်။

တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA လက်မှတ် ရေးထိုးပြီး တဲ့ အခါ ပြုလုပ် ရမယ့် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် မူဘောင် တွေ ချမှတ် ဖို့ အောက်တိုဘာ ၅ ရက် တနင်္လာ နေ့ မှာ စတင် ဆွေးနွေး လာကြပါတယ်။

အဲဒီ့ ဆွေးနွေးပွဲ မှာ NCA လက်မှတ်ထိုးဖို့ သဘောတူ ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ နဲ့ အတူ အဓိက အတိုက်အခံ ပါတီ NLD အပါအဝင် တိုင်းရင်းသား နိုင်ငံရေး ပါတီ တပ်ပေါင်းစု တွေ တော်တော် များများ ပါဝင် တက်ရောက် ခဲ့ကြပြီး နိုင်ငံရေး မူဘောင်တွေ ချမှတ် ဖို့ နီးစပ် နေပြီ လို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ က ပြောပါတယ်။

အခုလို NCA လွန်ကာလ တွေ မှာ ဆောင်ရွက် ရမှာ တွေ ကို ကြိုတင် ပြင်ဆင် နေတာ ဖြစ်ပေ မယ့် လက်တွေ့ မှာတော့ အောက်တိုဘာ ၁၅ ရက် နေ့ မှာ လက်မှတ်ထိုးမယ် ဆိုတဲ့ NCA ထဲ မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ ပဲ ပါဝင် မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အနာဂတ် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် အားလုံး သဘောတူ တဲ့ မူဘောင် တစ်ရပ် ရဖို့နဲ့ အားလုံး ပါဝင် တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်နိုင်ဖို့ ဆိုတာ အလှမ်းဝေး သေးတယ် ဆိုပြီး လေ့လာ စောင့်ကြည့် သူတွေ က ဝေဖန် နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ