ရှမ်းပြည်နယ် ယာသိမ်းမှု ဝန်ကြီးချုပ်ဆီ စာတင်

  • 5 အောက်တိုဘာ 2015
Image caption မြန်မာနိုင်ငံမှာ လယ်ယာ သိမ်းဆည်း ခံရမှု ပြဿနာ ဟာ ကြီးမား နေဆဲပါ

ရှမ်း ပြည်နယ် မိုင်းပန် မြို့နယ် အတွင်း လွိုင်နွဲ့ ကျေးရွာ မှာ ၂၀၀၉ ခုနှစ်က စစ်တပ်က သိမ်းယူ ထားတဲ့ ယာမြေတွေ ပြန် ရရေး အတွက် ဒေသခံ ယာပိုင် ရှင် ၅၂ ဦး စုပေါင်း လက်မှတ် ထိုးပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဆီ စာပို့ လိုက်ပြီ ဖြစ်ပါတယ်။

အရင်တုန်းကတော့ မြို့သစ်တည် မယ်ဆိုပြီး အမြောက်တပ် ၃၈၅ က ဧက ပေါင်း ၆၀၀ လောက်ကို သိမ်းထားတာ ဖြစ်တယ်လို့ ယာသိမ်းခံ ပိုင်ရှင် တဦး ဖြစ်တဲ့ ဦးစိုင်းနွံခေး က ပြောပါတယ်။

အဲဒီလို သိမ်းတုန်းက ဘာမှ လာရောက် ရှင်းလင်းတာ မရှိသလို၊ လျော်ကြေး ပေးတာတွေ လည်း မရှိဘူး လို့ သူက ပြောပါတယ်။

အခုလို သိမ်းဆည်း ထားတဲ့ ယာတွေ ပြန်ရရေး အတွက် အရင် ကလည်း တင်ပြ ထားခဲ့ ပေမယ့် ဘာမှာ အကြောင်းပြန် ကြားတာမျိုး မရှိ ခဲ့ဘူး လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်း ပြည်နယ် အစိုးရ လွှတ်တော် ကိုယ်စားလှယ် စိုင်းအောင်ခမ်းကို မေးကြည့်တော့ သူ့ အနေနဲ့လည်း အခု ဝန်ကြီးချုပ်ဆီ တင်လိုက် တဲ့ စာကို ရရှိ ကြောင်းနဲ့ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက် ပေးသွား မယ်လို့ ဘီဘီစီကို ပြောကြား သွားခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ