ကျူးကျော်တွေကို ဂရန်ပေးမယ်

  • 6 အောက်တိုဘာ 2015
Squatter Rangoon ဓာတ်ပုံ မူပိုင် others
Image caption ရန်ကုန်အနှံ့အပြားမှာ ကျူးကျော်အိမ်တွေရှိနေသေး

ရန်ကုန်မြို့နယ် အတွင်းမှာရှိတဲ့ သာကေတ မြို့နယ်၊ ဒေါပုံ မြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်၊ တောင်ဥက္ကလာပ မြို့နယ်တွေမှာရှိတဲ့ ကျူးကျော်အိမ်တွေကို ဂရန်ထုတ်ပေးမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး မြို့ပြ မြေယာဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နေထိုင်သူအားလုံးကို ထုတ်ပေးမှာတော့ မဟုတ်ဘဲ ၁၂ နှစ်ကျော် နေထိုင် ပြီးသူတွေကိုသာ ထုတ်ပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျူးကျော်နေထိုင်သူတွေဟာ အစိုးရပိုင်မြေ၊ ဌာနဆိုင်ရာပိုင်မြေ၊ တခြား ပုဂ္ဂလိက တဦးဦးက ပိုင်ဆိုင်တဲ့မြေပေါ်မှာ နေထိုင်သူ ဖြစ်ရင်လည်း ဂရန်ထုတ်ပေးမှာ မဟုတ်ပါဘူး။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး မြို့ပြမြေယာဌာနရဲ့ လုပ်ပိုင်ခွင့် ဘောင်အတွင်း ရှိတဲ့မြေကိုသာ ဂရန်ထုတ်ပေးမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲနီးမှာ အခုလို ဂရန်ထုတ်ပေးတဲ့ အပေါ်မှာ မဲဆွယ်စည်းရုံးမှု လုပ်တာလို့ ပြောဆို ဝေဖန်မှုတွေလည်း ရှိပါတယ်။