ကောလင်းမှာ မကြုံစဖူး ရေကြီးမှု ဖြစ်ပွား

  • 11 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် bbc
Image caption ယခင်လတွေက ကောလင်းမှာ ရေကြီးခဲ့စဉ်

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ မိုးများခဲ့လို့ ကောလင်းမြို့မှာ နှစ် ၂၀ အတွင်း မကြုံစဘူး ရေကြီးခဲ့ပါတယ်။

မိုးသည်းထန် စွာ ရွာသွန်းခဲ့တဲ့ အတွက် တောင်ကျရေတွေ တလဟော ကျဆင်းခဲ့ပြီး မကြုံစဖူး ရေကြီး ရေလျံမှု ဖြစ်ပေါ် ခဲ့တာလို့ ဆိုပါတယ်။

ဒီလိုဆိုင်းမဆင့် ဗုံမဆင့်ကြီးခဲ့တဲ့ရေကြောင့် မြို့ တဝက်ကျော် ပျက်စီးဆုံးရှုံးမှုတွေများခဲ့သလို လူသေမှုတွေလည်းရှိခဲ့ပါတယ်။

ရေထဲမှာ မျောပါလာတဲ့ ပိုးမွှား ကိုက်လို့ သေဆုံးခဲ့သူ အချို့လည်း ရှိတယ်လို့ ရေဘေးကူညီရေးအသင်းရဲ အတွင်းရေးမှူး ဦးအောင်မျိုးဝေက ဘီဘီစီ ကို ပြောပါတယ်။

ခုလက်ရှိအခြေအနေမှာ ရေကျသွားပေမယ့် နေအိမ်အောက်ထပ်တွေနဲ့ လမ်းမတွေပေါ်မှာ ရေတွေရှိနေသေးလို့ အခက်ခဲတွေရှိနေပါသေးတယ်။

ဒေသဆိုင်ရာ အာဏာ ပိုင်တွေ တွေလည်း လိုက်လံ ကြည့်ရှုတာမျိုး တွေ ရှိပေမယ့် ဌာနဆိုင်ရာ ရုံးအဆောက်အဦ တွေလည်း ရေ နှစ်မြုပ်နေတဲ့ အတွက် ထိရောက်တဲ့ ကူညီမှု မျိုး မပေးနိုင်သေး ကြောင်းဦးအောင်မျိုးဝေက ဆက် ပြောပါတယ်။

သောက်ရေသန့်နဲ့ အခြေခံ အစားအစာ တွေ ကူညီဖို့ လိုအပ်နေတယ်လို့ သိရှိရပါတယ်။