စစ်ရေးဖိအား ကရင်တပ်မတော် လက်မခံ

  • 14 အောက်တိုဘာ 2015
KNU KNLA Soldiers ဓာတ်ပုံ မူပိုင် Reuters
Image caption KNLA တပ်သားများ

KNU ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်တဲ့ နယ်မြေမှာ အစိုးရစစ်တပ်က အင်အားတိုးချဲ့တာ မလုပ်ဖို့နဲ့ ဖြတ်သန်း သွားလာရင် အသိပေးအကြောင်းကြားဖို့ အပါအဝင် ကန့်သတ်ချက် တွေကို KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့ထုတ် ကြေညာချက်မှာ သူတို့နယ်မြေထဲက အစိုးရ တပ်စခန်းတချို့ ဖယ်ရှားပေးဖို့၊ အစိုးရ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေပါ မလုပ်ဆောင်ဖို့ အသိပေးချက် တွေလည်း ပါရှိပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့မှာ KNU ဥက္ကဌ ဦးဆောင်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ပွဲကို ဒုတိယ ဥက္ကဌ ပဒိုနော်စီဖိုးရာစိန် မတက်ဘူးလို့ ထုတ်ပြောထားချိန်မှာပဲ KNLA က အခုလို ကြေညာချက် ထုတ်ပြန်တဲ့ အတွက် ဗဟိုက လက်မှတ်ရေးထိုးမှာကို အောက်ခြေတပ်က သဘောမတွေ့တာလား ဆိုတဲ့ ဝေဖန်မှုတွေ ရှိလာ ပါတယ်။

KNLA ဗဟို စစ်ဦးစီး ဌာနချုပ်က လက်ထောက် စစ်ရေးချုပ် ဗိုလ်မှူးချုပ် မန်းရှာတူးဝေါ ကတော့ အဖွဲ့ အတွင်းမှာ ရပ်တည်ချက် မတူတာတွေအပေါ် မူတည်ပြီး သဘောထားတွေ အမျိုးမျိုး ရှိပေမဲ့ စည်းစည်းလုံးလုံး ရှေ့ဆက်ဆောင်ရွက်သွားကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ရှေ့မှာ ဖြစ်လာမယ့် ရလဒ်ကို ကြည့်ပြီး KNLA အပေါ်ကို တစုံတရာ ဖိအားပေးလာမယ် ဆိုရင်တော့ သူတို့ သဘောအတိုင်း လုပ်သွားမှာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် မန်းရှာတူးဝေါက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ