တနိုင်ငံလုံး အပစ်ရပ် စာချုပ် ထိုးတော့မယ်

  • 14 အောက်တိုဘာ 2015
mpc ဓာတ်ပုံ မူပိုင် MPC
Image caption ၂၁ ဖွဲ့ထဲက ၈ ဖွဲ့ သာ အပစ်ရပ် လက်မှတ်ထိုးမယ်

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ကြာသပတေးနေ့မှာ လက်မှတ် ရေးထိုးမယ့် တိုင်းရင်းသား ခေါင်းဆောင်တွေ နေပြည်တော် ကို ရောက်ရှိ နေပါပြီ ။

တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့ ရှိတဲ့ အထဲက ၈ ဖွဲ့ ကသာ အပစ် ရပ်စဲရေး စာချုပ် ကို လက်မှတ် ထိုးမှာ ဖြစ်ပါတယ် ။

စာချုပ် ထိုးပြီး တာနဲ့ နှစ်ဘက်တပ် နေရာ ချထားရေး အပါ အဝင် နိုင်ငံရေး ပြဿနာတွေ ကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်း နိုင်မယ် လို့ မျှော်လင့် ကြောင်း ရှမ်းပြည် တပ်မတော် ( တောင်ပိုင်း ) RCSS/SSA ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စိုင်းလှ က ပြောပြပါတယ် ။

NCA စာချုပ် သတ်မှတ်ချက် အရ လက်မှတ် ထိုးပြီးတာ နဲ့ ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် တွေ ဆောင်ရွက် ရမှာ ဖြစ်ပြီး ရက်ပေါင်း ၉ဝ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ တွေ စရမှာ ဖြစ်ပါတယ် ။

နိုင်ငံရေး ဆွေးနွေးပွဲက တဆင့် ဖွဲ့စည်းပုံ ပြင်ရေး ဆောင်ရွက် နိုင်မယ်လို့ မျှော်လင့် ကြောင်း လက်မှတ် ထိုးရာမှာ ပါဝင်တဲ့ ချင်းအမျိုးသား တပ်ဦး အထွေထွေ အတွင်း ရေးမှူး ချုပ် ဦးပူဇင်ကျုံး က ပြောပါတယ် ။

လက်မှတ် ထိုးမယ့် အဖွဲ့တွေက အခုလို မျှော်လင့် နေကြပေမယ့် လက်မှတ် မထိုးတဲ့ အဖွဲ့တွေနဲ့ တပ်မတော် ကြား တိုက်ပွဲ တွေ ဖြစ်နေ ပါတယ် ။

ကျန်နေတဲ့ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ယုံကြည်မှု တည်ဆောက် နိုင်မှသာ တနိုင်ငံလုံး အပစ် ရပ်စဲရေး ဆောင်ရွက် နိုင်မှာ ဖြစ်ပါ တယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ