လန်ဒန်မှာ ကြိုတင်မဲ စပေးပြီ

  • 17 အောက်တိုဘာ 2015
Image caption မဲပေးလို့ အဆင် မပြေ တဲ့သူ တချို့ ရှိနေပြီး၊ အဲဒီလို လူတွေ စာရင်း ကောက်ခံ သွားမယ် လို့ ဆိုပါတယ်

မြန်မာ နိုင်ငံ နိုဝင်ဘာ ရွေးကောက်ပွဲ အတွက် UK ရောက် မြန်မာ တွေဟာ လန်ဒန်မြို့ မြန်မာ သံရုံးမှာ အောက်တိုဘာ ၁၇ ရက် စနေနေ့ က စလို့ စတင် မဲပေး ခဲ့ကြ ပါပြီ။

လန်ဒန်မြို့ မေဖဲ ရပ်ကွက်က မြန်မာ သံရုံး ရှိရာကို မနက် ၉ နာရီ လောက် ကတည်းက လူတွေ တဖွဲဖွဲ ရောက်ရှိ လာပြီး မဲပေးဖို့ တန်းစီ စောင့်စား ခဲ့ကြ ပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့ မဲလာ ပေးသူ လူတန်း ကတော့ ရာဂဏန်း ကျော်လိမ့် မယ်လို့ ခန့်မှန်း ရပါတယ်။ လန်ဒန်မြို့ မြန်မာသံရုံးမှာ မဲပေးလို့ ရတာက UK အပြင် ဆွီဒင်၊ ဒိန်းမတ်၊ အိုင်ယာလန် နိုင်ငံတွေက မြန်မာတွေ ဖြစ်ကြ ပါတယ်။

လန်ဒန်မှာ မဲပေးဖို့ စာရင်း ပေးထားသူ ၆ဝဝ ကျော် ရှိတယ်လို့ သံရုံးက ကြေညာ ထားပြီး အများစုက UK က ဖြစ်ပါတယ်။

တခြား မြန်မာတွေ များတဲ့ အာရှ နိုင်ငံတွေ မှာတော့ မဲပေးဖို့ ရက် ထပ်တိုးတာ ရှိပေမယ့် UK မှာတော့ အောက်တိုဘာ ၁၇ နဲ့ ၁၈ နှစ်ရက် ပဲ သတ်မှတ်ထား ပါတယ်။

အစုလိုက် လာပေးကြ သူတွေထဲမှာ လူကြီး တွေလည်း ပါဝင်တာကို တွေ့ရပါတယ်။ တချို့ လူကြီးတွေ ကတော့ ဒီအသက် အရွယ်ထိ မဲ မပေးဖူးဘဲ ခုမှ ပထမဆုံး လာပေး တာလို့ ဆိုပါ တယ်။

ဒီထဲမှာ မဲပေးလို့ အဆင် မပြေ ဖြစ်နေ တဲ့သူ တချို့ ရှိနေပြီး၊ တချို့ ကလည်း အဆင် မပြေ သူတွေ စာရင်း ကောက်ခံပြီး အများ ပြည်သူ သိအောင် ကြိုးစားမယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ