နိုင်ငံခြားငွေ လက်ခံတဲ့ လိုင်စင်ပြန်သိမ်း

  • 18 အောက်တိုဘာ 2015
hotel myanmar ဓာတ်ပုံ မူပိုင် Getty
Image caption ခရီးသွားလာရေးမှာ ဒေါ်လာတွင်ကျယ်

မြန်မာ နိုင်ငံမှာ စီးပွားရေး လုပ်ငန်း အချို့ အတွက် ထုတ်ပေးထားတဲ့ နိုင်ငံခြားငွေ လက်ခံ နိုင်တဲ့ လိုင်စင်ကို မြန်မာ နိုင်ငံ ဗဟိုဘဏ်က အောက်တိုဘာ ၁၉ ရက်က စတင်ပြီး ရုပ်သိမ်း မှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

မြန်မာ နိုင်ငံ အတွင်းက ဟိုတယ်နဲ့ ခရီး သွားလာရေး လုပ်ငန်းများ၊ စားသောက်ဆိုင်၊ လေကြောင်းလိုင်း၊ ကုန်ပစ္စည်း အရောင်းအဝယ်လုပ်ငန်းနဲ့ ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းတွေ မှာ နိုင်ငံခြားငွေ နဲ့ ပေးချေ ရောင်းချ နေတာတွေ ကြောင့် နိုင်ငံ အတွင်းမှာ အမေရိကန် ဒေါ်လာကို ကျယ်ပြန့်စွာ အသုံးပြု လာခဲ့ပါတယ်။

ဒေါ်လာ လိုအပ်ချက် မြင့်မားပြီး မြန်မာ ကျပ်ငွေ အသုံးဝင်မှု လျော့နည်း လာတာကြောင့် အခုလို ရုပ်သိမ်း ရတာ ဖြစ်ကြောင်း ဗဟိုဘဏ်က စာထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘောဇ ဘဏ် ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဦးသန်းလွင်က အခု ဗဟိုဘဏ်ရဲ့ လုပ်ဆောင်ချက် ဟာ လုပ်သင့်တဲ့ ကိစ္စ တခု လို့ ပြောပြီး ဈေးကွက် အတွင်း ဒေါ်လာ လိုအပ်မှု မများလာအောင် နဲ့ ဒေါ်လာ ကိုင်ဆောင် လာသူ တွေ အနေနဲ့ ငွေလဲလှယ်ရေး ဌာနတွေ မှာ မြန်မာငွေနဲ့ လဲလှယ်ပြီး အလွယ် တကူ သုံးစွဲ နိုင်ကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ