အန်အဲလ်ဒီ မဲဆွယ်မှု နှောင့်ယှက်ခံရ

  • 19 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption နှောင့်ယှက်မှုတွေ အတွက် အမှု ဖွင့်ထား ပေမယ့် အရေးယူ တာ မရှိသေးဘူးလို့ အန်အဲလ်ဒီ ပြော

လာမယ့် နိုဝင်ဘာ ရွေးကောက် ပွဲမှာ နေပြည်တော် နယ်နမိတ် ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အဲလ်ဒီ)ကိုယ်စားလှယ် လောင်းတွေရဲ့ ကျေးရွာ မဲဆွယ် စည်းရုံး မှုတွေ အပေါ် နှောင့်ယှက်မှု တချို့ ရှိနေ ပါတယ်။

အန်အဲလ်ဒီ အဖွဲ့ဝင် တွေဟာ နေပြည်တော် ဒက္ခိဏ သီရိ မြို့နယ် ရန်အောင်မြင် ကျေးရွာ ထဲမှာ တနင်္ဂနွေ နေ့က မဲဆွယ် စည်းရုံး စဉ် လေးခွနဲ့ ပစ်ခံရ သလို နှောင့်ယှက် ဟန့်တား မှုတွေ ကြုံတွေ့ ခဲ့ရတာ ဖြစ်ပါတယ်။

နှောင့်ယှက် မှုတွေကို ကော်မရှင် နဲ့ ရဲစခန်းမှာ အမှု ဖွင့်ထား ပေမယ့် အခု ထိတော့ အရေးယူ ဆောင်ရွက်တာ မရှိသေး ဘူးလို့ အန်အဲလ်ဒီ က ပြောပါတယ်။

ဒါဟာ ပြိုင်ဘက် ပါတီဝင် တစ်ချို့ ရဲ့ သားသမီးတွေ က နှောက်ယှက် ဆိုပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော်ခရိုင် ဥက္ကဌက သူတို့ ကြုံတွေ့ ခဲ့ရ တာတွေကို ဘီဘီစီကို ပြောပါတယ်။

နေပြည်တော်မှာက အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ နဲ့ ဗိုလ်ချုပ် ကြီးဟောင်း တွေ ဝင်ရောက် ယှဉ်ပြိုင် ဖို့ရှိ နေပါတယ်။

ဒက္ခိဏ သီရိ မြို့နာ မှာတော့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက လက်ရှိ အစိုးရ အဖွဲ့ဝင် ဝန်ကြီး ဦးမြင့်လှိုင်က ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ