မဲ​ဆန္ဒ​ရှင် သက်သေခံ​လက်မှတ်​တွေ ထုတ်ပေး​မ​ယ်

  • 23 အောက်တိုဘာ 2015
election_myanmar ဓာတ်ပုံ မူပိုင် AP
Image caption ဒီ လက်မှတ် ကို မှတ်ပုံတင် နေရာ မှာ အစားထိုးပြီး ပြသနိုင်တဲ့ အတွက် မှတ် ပုံတင် ပျောက်ဆုံး နေသူ တွေ အတွက် အကျိုးရှိတယ်။

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ အတွက် မဲပေးပိုင်ခွင့် ရှိသူတွေ စာရင်း ထဲ ပါပြီး ကြသူတွေ ကို မဲဆန္ဒရှင် သက်သေခံ လက်မှတ် တွေ ထုတ်ပေး သွားမယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေညာ ပါတယ်။

မဲစာရင်းပါ အချက် အလက် တွေ အတိုင်း နာမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပါတ် နဲ့ မိဘ နာမည် တွေ ဖော်ပြထားတဲ့ အဲဒီ့ သက်သေခံ လက်မှတ် တွေ ကို နိုဝင်ဘာ ၁ ရက် နေ့ က စပြီး သီတင်း တစ်ပတ် ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင် ရုံးတွေ မှာ လာပြီး ထုတ် နိုင်ကြတယ် လို့ ထုတ်ပြန် ချက် ထဲမှာ ပါဝင်ပါတယ်။

သက်သေခံ လက်မှတ် လာပြီး မယူရင်လည်း အတွက် ပုံမှန် အတိုင်း မဲ ပေး နိုင် ကြမှာ ဖြစ်ပေမယ့် မဲစာရင်းထဲ ပါသူ ဟုတ်မဟုတ် စိစစ် တဲ့အခါ ဒီ လက်မှတ် ကို မှတ်ပုံတင် နေရာ မှာ အစားထိုးပြီး ပြသနိုင်တဲ့ အတွက် မှတ် ပုံတင် ပျောက်ဆုံး နေသူ တွေ အတွက် အကျိုးရှိတယ် ဆိုပြီး ရွေးကောက်ပွဲ စောင့်ကြည့်သူ တချို့ က ဆိုပါတယ်။

ပြီးခဲ့တဲ့ လ တွေ အတွင်း က မြန်မာ နိုင်ငံ နေရာ အနှံ့မှာ ရေကြီးမှု တွေ ဖြစ်ပေါ်ပြီး သဘာဝ ဘေးဒဏ် သင့် ခံ ခဲ့ရလို့ မှတ်ပုံတင် ပျက်စီး ဆုံးရှုံး ခဲ့ရသူတွေ၊ ပျောက်ဆုံး ခဲ့ရသူတွေ အတွက် ဆန္ဒမဲ ပေးပိုင်ခွင့် မဆုံးရှုံး စေ ရအောင် အဲဒီ သက်သေခံ လက်မှတ် တွေ က အကျိုး ရှိ စေနိုင်တယ် လို့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်တဲ့ အရပ်ဖက် လူမှု အဖွဲ့အစည်း တစ်ဖွဲ့ ဖြစ်တဲ့ ဖန်တီးအိမ် အဖွဲ့ရဲ့ ညှိနှိုင်း ဆောင်ရွက်ရေးမှူး ကိုဝင်းပိုင်မျိုး က ဘီဘီစီ ကို ပြောပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲ အတွင်း မဲ ပေးနိုင်ဖို့ က ကော်မရှင် က ထုတ်ပြန် ထားတဲ့ မဲစာရင်း ထဲ ကိုယ်ရေး အချက်အလက် မှန်မှန် ကန်ကန် နဲ့ ပါဝင်ဖို့ က အဓိက လိုအပ် တာ ဖြစ်ပါတယ်။

အခု အချိန်ထိ ထုတ်ပြန် ပေးခဲ့တဲ့ မဲစာရင်း တွေ ထဲမှာ မပါဝင် သေးပဲ ကျန်နေ ရစ်သူတွေ၊ အချက်အလက် မှားယွင်း နေသူ တွေ အများအပြား ရှိ နေသေးတယ် လို့ ပြောနေကြတဲ့ မဲဆန္ဒရှင် တွေ နဲ့ စောင့်ကြည့်သူတွေ ရဲ့ ဝေဖန်သံ တွေ လည်း အကြီးအကျယ် ထွက်ပေါ် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ