ကျေးသီး မြို့နယ် ကော်မရှင်ရုံးက မဲစာရင်းတွေကို စစ်တပ်က သိမ်းယူ

  • 22 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် no credits
Image caption SSPP/SSA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်

တိုက်ပွဲများ ဖြစ်နေတဲ့ အတွက် လူအများစု အိုးပစ်အိမ်ပစ် ထွက်ပြေး နေကြရပြီး မိုင်းရူးမြို့နယ် ဝမ်စောနဲ့ ဟိုက်ပါ ကျေးရွာ၊ ပြီးတော့ မိုင်းနောင် က ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေး အတွက် သွားရောက် ခိုလှုံ နေရပါတယ်။

စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ အလွန် များပြားတဲ့ အတွက် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုနဲ့ စားဝတ် နေရေးများ ခက်ခဲလျက် ရှိတယ်လို့ ဆိုပါတယ်။

ကျေးသီး မြို့နယ်မှာတော့ ရွေးကောက်ပွဲ ကော်မရှင် ရုံးကို အစိုးရ စစ်တပ်က ဝင်ရောက် ခဲ့ပြီး မဲစာရင်း နဲ့ မဲလက်မှတ်တွေကို သိမ်းယူ သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကျေးသီး မြိုနယ်က မဲလက်မှတ်တွေကို စစ်တပ်က သိမ်းယူ ခဲ့တဲ့ အတွက် ရွေးကောက်ပွဲ မကျင်းပလိုတဲ့ သဘောများ ဖြစ်မလား လို့ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြမဲ့ ကိုယ်စားလှယ် လောင်းတွေက စိုးရိမ် နေကြောင်း ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းအွမ်ဆိုင်မိုင်း က ပါတီ အနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုတွေ ဆက်လုပ်နေပြီး အသင့်ပြင်ထားကြောင်း နဲ့ ကျေးသီးမြို့နယ်မှာ တိုက်ခိုက်မှု မရှိပဲ အေးချမ်းလျက် ရှိနေရဲ့နဲ့ စစ်တပ်က ဘာကြောင့် မဲစာရင်းနဲ့ မဲလက်မှတ်တွေ သိမ်းယူ ခဲ့ရတယ်ဆိုတာ ကို နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ