ရွေးကောက်ပွဲ မတည်ငြိမ်အောင် လုပ်မယ့်သူတွေ ရှိတယ်လို့ အတိုက်အခံ ခေါင်းဆောင် သတိပေး

  • 24 အောက်တိုဘာ 2015
dassk_kawmhu
Image caption ဘာသာရေး အသုံးချ မဲဆွယ်မှုတွေကို အာဏာပိုင်တွေက အရေး မယူကြဘူး လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်။

ရွေးကောက်ပွဲနေ့မှာ မတည်မငြိမ် ဖြစ်အောင် လုပ်မယ့်သူတွေ ရှိတယ် ဆိုတဲ့ သတင်းတွေ ရထားတယ် ဆိုပြီး အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ကော့မှူး မြို့နယ် မှာ အောက်တိုဘာ ၂၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မဲဆွယ် စည်းရုံး ဟောပြောပွဲတွေ အတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို လူထုကို အသိပေး ပြောကြား ခဲ့တာပါ။

ရွေးကောက်ပွဲ နီးတဲ့အချိန်မှာ လူစိမ်းတွေ ရောက်လာတာမျိုး ရှိရင် သတိထား ကြဖို့နဲ့ ရန်စ လာကြရင်လည်း သည်းခံကြဖို့လည်း NLD ပါတီဝင် တွေ နဲ့ ပါတီကို ထောက်ခံ အားပေးသူတွေ ကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ ပါတယ်။

ဒါပေမယ့် မတည်မငြိမ် ဖြစ်အောင် လုပ်မယ့်သူတွေဟာ ဘယ်လို လူတွေ ဆိုတာကိုတော့ ထည့်သွင်း ပြောဆို မသွားပါဘူး။

ခဲ့သလို၊ NLD ရဲ့ မူဝါဒဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးမူ ဖြစ်ကြောင်း လည်း ထပ်လောင်း ပြောဆို သွားခဲ့ပါတယ်။

ကော့မှူးမြို့နယ်ဟာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ထပ်မံ ဝင်ရောက် ယှဉ်ပြိုင် ဦးမယ့် မဲဆန္ဒနယ် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ