မော်ဒိုက် ဒုသမ္မတ လုပ်ကြံမှုဖြင့်အဖမ်းခံရ

  • 24 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AFP

မော်ဒိုက်နိုင်ငံ ဒုတိယသမ္မတ အာမက် အဒ်ဟိကို နိုင်ငံတော် သမ္မတအဘ်ဒူလာရာမင်းကို လုပ်ကြံဖို့ ကြိုးစားမှုအတွက် ဖမ်းဆီးခဲ့ပါတယ်။

ပြီးခဲ့တဲ့လက သမ္မတရာမင်းဟာ မော်တော်ဘုတ်နဲ့ခရီးသွား နေစဉ်အတွင်း ဗုံးခွဲတိုက်ခိုက်မှု ကနေလက်မတင် လွတ်မြောက်ခဲ့သူ ဖြစ်ပါတယ်။ ဒုတိယ သမ္မတ ဖြစ်သူ အာမက် အဒ်ဟိ ကို နိုင်ငံတော် သစ္စာဖောက်မှု နဲ့ ဖမ်းဆီး ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေ အတွင်း က မော်ဒိုက် နိုင်ငံမှာ မစ္စတာ ရာမင်း သမ္မတ ရွေးကောက်ခံရမှု အပေါ် မှာ နိုင်ငံရေး သမားတွေ အကြား အငြင်းပွား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးက twitter မှာ တင်ထားတဲ့ ပို့စ် အရ နိုင်ငံတော် သစ္စာဖောက်မှု အဖြစ် စွပ်စွဲထားပါတယ်။ ရဲတပ်ဖွဲ့က ဖမ်းဆီးမှုကို တရားရုံး အမိန့်နဲ့ ဖမ်းဆီး ခဲ့တာ ဖြစ်ကြောင်းနဲ့ ဒုသမ္မတ အနေနဲ့ ရှေ့နေငှားပြီး ခုခံ ချေပတဲ့ အခွင့်အရေးကို ရရှိမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အာမက်အဒ်ဟိဟာ ဒုတိယသမ္မတရာထူးကိုထမ်းဆောင်တာ ၃လသာရှိပါသေးတယ်။