ပက်ထရစ်ရှာမုန်တိုင်း အားလျော့သွားပြီ

  • 24 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AFP

မက်ဆီကို နိုင်ငံ မှာ မုန်တိုင်း ပက်ထရစ်ရှာကြောင့် မျှော်လင့်ထားသလောက် ပျက်ဆီး ဆုံးရှုံးမှု မရှိသေးဘူးလို့ သိရပါတယ်။

ဒါပေမယ့် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာတဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ရှိနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။မုန်တိုင်းတိုက်ခတ်ပြီး ၁နာရီအကြာမှာ မက်ဆီကိုသမ္မတအန်းရစ်ကာ ပီးနားနီတိုးက နိုင်ငံတွင်းစံချိန်တင်ဝင်ရောက်လာမဲ့ မုန်တိုင်းဖြစ်တာကြောင့် လူတွေ အနေနဲ့ အကာအကွယ်ယူမှုတွေကို မလျော့ချဖို့ တယ်လီးဗေးရှင်းကနေ သတိပေးစကားပြောကြားခဲ့ပါတယ်။ပက်ထရစ်ရှာမုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို တစ်နာရီကိုကီလိုမီတာ၂၆၀နဲ့ ဝင်ရောက်ခဲ့ပြီး နိုင်ငံအတွင်းက နေရာဒေသ အတော်များများကိုအရေးပေါ်အခြေအနေကြေငြာထားပါတယ်။ပက်ထရစ်ရှာမုန်တိုင်းဟာ ပြင်းအားအဆင့်၂ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ နောက်ဆုံးသတင်းအရ ပက်ထရစ်ရှာမုန်တိုင်းဟာ အားလျော့သွားပေမယ့် အန္တာရာယ်ရှိနေဆဲလို့သိရပါတယ။