ရှမ်းပြည်နယ် တိုက်ပွဲတွေကြောင့် ထွက်ပြေး လာရသူတွေ နေရေး အခက်ကြုံ

  • 24 အောက်တိုဘာ 2015
ssa_sspp_soldiers_ ဓာတ်ပုံ မူပိုင် no credits
Image caption မိုင်းရှူး ၊ မိုင်းနောင်၊ ကျေးသီး မြို့နယ်တွေမှာ စစ်ပြေး ဒုက္ခသည် ၂ ထောင်ကျော် ရှိနေ။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA နဲ့ အစိုးရ တပ် ကြား တိုက်ပွဲ တွေ ပြင်းထန် နေတဲ့ အတွက် အိုးအိမ် စွန့်ခွာ ထွက်ပြေး ကြရတဲ့ ဒေသခံ တွေ ထောင်ချီပြီး ရှိနေပါတယ်။

မိုင်းရှူး ၊ မိုင်းနောင်၊ ကျေးသီး မြို့နယ်တွေမှာ စစ်ပြေး ဒုက္ခသည် ၂ ထောင်ကျော် ရှိနေပြီး ယာယီ နေထိုင်ဖို့ က အစ အခက်အခဲ ဖြစ်နေရတယ် လို့ ဒုက္ခသည် အရေး ကူညီ ပေးနေသူ တွေက ပြောပါတယ်။

အစိုးရ က ဒုက္ခသည် စခန်း တွေ ဖွင့်လှစ် ပေးဖို့ ပျက်ကွက် နေတဲ့ အပြင် ဘယ်လို ကူညီ ထောက်ပံ့ တာမျိုး မှလည်း မလုပ် သေးဘူးလို့ မိုင်းရှူး မြို့ခံ တစ်ဦး ဖြစ်တဲ့ ကိုမောင်ခိုင် က ဘီဘီစီ ကို ပြောပါတယ်။

ရွေးကောက်ပွဲ ကျင်းပ ဖို့လည်း သီတင်း ၂ ပတ် လောက်ပဲ လိုတော့ တဲ့ အချိန် မှာ အခုလို ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခ ပြင်းထန် လာ နေတဲ့ အတွက် ရွေးကောက်ပွဲ ကျင်းပ ဖြစ်ဖို့ အလားအလာ အင်မတန် နည်းနေပါတယ်။

အခုလို အချိန်မျိုးမှာ ထိုးစစ်တွေ ဖော်ဆောင် လာတဲ့ အစိုးရ ရဲ့ သဘောထား အပေါ် မှာလည်း ဒေသခံ တွေက မေးခွန်း ထုတ်နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ