၈နှစ်သမီးကို အဓမ္မပြုကျင့်ခဲ့သူအား အရေးယူဖို့ဆောင်ရွက်

  • 24 အောက်တိုဘာ 2015
Image caption စစ်တွေမြို့ မြေပုံ

စက်တင်ဘာ ၂၃ ရက်နေ့က စစ်တွေမြို့မှာရှိတဲ့ ၈ နှစ်အရွယ် မိန်းကလေးငယ်ကို စစ်တွေအခြေစိုက် ခမရ ၃၅၄ တပ် မှာ တာဝန်ကျတဲ့ ဒုတပ်ကြပ် တစ်ဦးက အဓမ္မပြုကျင့်လို့ ရန်ကုန် ကလေးဆေးရုံကို ပို့ဆောင် ကုသခဲ့ရပါတယ်။

အောက်တိုဘာ လ ၂၁ ရက်နေ့မှာတော့ အဲဒီ မိန်းကလေးငယ်ဟာ ရန်ကုန် ကလေးဆေးရုံမှာ ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားခဲ့ပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့မှာတော့ ရခိုင်ပြည်နယ် အမျိုးသား ကောင်စီ(ANC) က အသက်မပြည့်တဲ့ ကလေးငယ် အပေါ် အဓမ္မပြုကျင့်မှုနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် အရေးယူပေးဖို့နဲ့ အမှုမှန် ပေါ်ပေါက်ဖို့ တောင်းဆို ခဲ့ပါတယ်။

အဆိုပါ ကြေငြာချက်ထဲမှာ ပြစ်မှု ကျူးလွန်သူ တရားခံ အပေါ်မှာ ထိထိရောက်ရောက် အရေးယူဖို့ ပျက်ကွက် ခဲ့တဲ့ တာဝန်ရှိသူ တွေကို ပြင်းထန်စွာ ရှုံ့ချကြောင်း ပါရှိပါတယ်။

ရခိုင်ပြည်နယ် အစိုးရအနေနဲ့ တည်ဆဲ ဥပဒေ တွေနဲ့ အညီ အဓမ္မပြုကျင့်ခဲ့သူ ကို အရေးယူ ဆောင်ရွက် နိုင်ဖို့ လုပ်ဆောင် သွားမယ်လို့ အစိုးရ ပြောရေး ဆိုခွင့် ရှိသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ဘီဘီစီ ရဲ့ ဆက်သွယ်မေးမြန်းမှု ကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ