ရွေးကောက်ပွဲလှုပ်ရှားမှုထဲ လူငယ်တွေ စိတ်ဝင်တစား ပါဝင်နေ

  • 25 အောက်တိုဘာ 2015
_dassk_kawmhu
Image caption ပိုပြီး ကောင်းမွန် တဲ့ အနာဂတ် ဖြစ်ပေါ် လာနိုင်ဖို့ အခွင့်အလမ်း တွေ ပေါ်ပေါက် လာ လိမ့်မယ် လို့ လူငယ် တွေ က မျှော်လင့်နေ။

ရွေးကောက်ပွဲ ကျင်းပဖို့ သီတင်း ၂ ပတ် ဝန်းကျင် ပဲ လိုတော့တဲ့ အချိန် မှာ နိုင်ငံရေး ပါတီ တွေ အပြိုင်အဆိုင် မဲဆွယ် စည်းရုံး နေကြသလို ပါတီ တွေ ရဲ့ လှုပ်ရှားမှု တွေ ထဲ မှာ လူငယ်လူရွယ် တွေ တက်တက်ကြွကြွ ပါဝင် နေတာ တွေ့နေ ရပါတယ်။

ရွေးကောက်ပွဲလွန် ကာလ မှာ ဖြစ်ပေါ် လာမယ့် အပြောင်းအလဲ တွေ ဟာ အလုပ်အကိုင် အခွင့် အလမ်း တွေ အပါအဝင် လက်ရှိ အခြေ အနေနဲ့ နှိုင်းယှဉ်ရင် ပိုပြီး ကောင်းမွန် တဲ့ အနာဂတ် ဖြစ်ပေါ် လာနိုင်ဖို့ အခွင့်အလမ်း တွေ ပေါ်ပေါက် လာ လိမ့်မယ် လို့ လူငယ် တွေ က မျှော်လင့်နေတယ် ဆိုပြီး ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

အာဏာရ ကြံ့ခိုင်ရေး ပါတီ ကို ထောက်ခံသူ လူငယ်တွေ မှာရော အတိုက်အခံ NLD ပါတီကို အားပေးသူ လူတွေ မှာပါ ဒီလို သဘောထားမျိုးနဲ့ မျှော်လင့်ချက် တွေ ရှိနေတယ် လို့လည်း ဆိုပါတယ်။

ကော့မှုး မြိုနယ် ထဲမှာ လတ်တလော ပြုလုပ်နေတဲ့ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဟောပြောပွဲ တွေ မှာ ဆိုရင်လည်း မေးခွန်းတွေ မေးကြ၊ ဝင်ရောက် ဆွေးနွေး ကြသူတွေ ထဲမှာ လူငယ် တော်တော် များများ ပါဝင်နေတာ ကို တွေ့ရတယ် ဆိုပြီး အဲဒီ့မှာ ကိုယ်တိုင် ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

အခုလို နိုင်ငံရေး အပေါ် ကိုယ့်ဘဝ နဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ အရာ အဖြစ် လူငယ်တွေ စိတ်ပါ ဝင်စား နေတာ ကို ကြည့်ရင် ရွေးကောက်ပွဲ အပြီး ဖြစ်ပေါ်လာမယ့် နိုင်ငံရေး ဖြစ်စဉ် တွေ မှာ လည်း လူငယ်တွေ ဆက်လက် ပါဝင် လာဖို့ မျှော်လင့်ရတယ် လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ