ကချင်မှာ သစ်တင်ကား ၂၀၀ ကျော်ကို ဖမ်းဆီး

  • 26 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption သစ်တွေ ကတော့ မြန်မာပြည် အနောက်ဘက် ကနေ အလာ များတယ်လို့ ပြောပါတယ်

ကချင် ပြည်နယ် မန်စီဘက်မှာ သစ်တင် တဲ့ကား အစီး ၂၀၀ ကျော် ဖမ်းဆီး ခံလိုက်ရ တယ်လို့ ပြည်နယ်အစိုးရ အရာရှိ တဦးက ပြောပါတယ်။

ဒီလို ဖမ်းဆီးမှုကို အစိုးရ စစ်တပ်က လုပ် ခဲ့တာလို့ ကချင် ပြည်နယ် အစိုးရ ပြည်နယ် စက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေ က ဘီဘီစီကို ပြောပါတယ်။

ကားတွေဟာ သစ်တင် ထားတာ မဟုတ်ဘဲ အလွတ်တွေ ဖြစ်ကြပြီး လိုင်စင်မဲ့ ကားတွေ ဖြစ်ကြပါတယ်။ ဒီလို ဖမ်းဆီးမှု အတွက် ပြည်နယ် အစိုးရက ဘာမှ ညွှန်ကြား တာမျိုး မရှိဘူး လို့လည်း သူက ပြောပါတယ်။

ကားတွေ ကတော့ တရုတ် နိုင်ငံ လုပ် ကားတွေ ဖြစ်ပြီး၊ ကားတွေ ရှိတဲ့ နေရာကို လိုက်လံပြီး ဖမ်းဆီး တာလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ပိုင်ရှင် တွေကို တော့ အရေး ယူတာမျိုး မရှိဘူး လို့လည်း သိရပါတယ်။

ဒီ ဖမ်းဆီးမှု တွေဟာ အရင် တရုတ် နိုင်ငံက ဝင်ရောက် သစ်ခိုး ထုတ်တဲ့ ကိစ္စနဲ့ ဆက်စပ်မှု မရှိဘဲ၊ အစိုးရ ထိန်းချုပ်တဲ့ နယ်မြေ အတွင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ