ရှမ်းပြည်နယ်က ရွာ ၄၂ ရွာမှာ ရွေးကောက်ပွဲ မလုပ်

  • 27 အောက်တိုဘာ 2015
Image caption ရှမ်းပြည်နယ် အတွင်းက မြို့နယ် ၄ မြို့နယ် ရွေးကောက်ပွဲ မကျင်းပလို့ ကြေညာ

အောက်တိုဘာ ၂၇ ရက် ရက်စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ထုတ်ပြန် ကြေညာ လိုက်တာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် အတွင်းမှာ ရှိတဲ့ မိုင်းရှူး၊ ကျေးသီး၊ တန့်ယန်းနဲ့ ဟိုပန်မြို့နယ် တွေက ကျေးရွာပေါင်း (၄၂) ရွာမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေ မရှိတာကြောင့်လို့ ကြေညာချက်ထဲမှာ ပါရှိပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးက ညွှန်ကြားရေးမှူး ဖြစ်သူက အဆိုပါ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ လုံခြုံတဲ့ အခြေအနေ မရှိတာကြောင့် ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

လုံခြုံရေး အနေကောင်းပြီး လွတ်လပ်ပြီး တရားမျှတတဲ့ အခြေအနေ ရှိမှ ရွေးကောက်ပွဲ ပြန်လည် ကျင်းပ ပြုလုပ် နိုင်မှာ ဖြစ်တယ်လို့ ဆိုပြီး ဒါပေမယ့် လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် လက်ထက်မှာ လုပ်နိုင်မလား ဆိုတာ မသေချာဘူးလို့ ကော်မရှင် ရုံး ညွှန်ကြားရေးမှူး ဦးသောင်းလှိုင် က ဆက်ပြောပါတယ်။

အောက်တိုဘာ ၂၆ ရက် နေ့မှာတော့ ခရိုင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတွေဟာ ကိုယ်စားလှယ်လောင်းတွေ ရဲ့ ဟောပြောမှုကို ထိန်းသိမ်း ကြပ်မတ် ရေးနဲ့ မလိုက်နာတဲ့ ကိုယ်စားလှယ်လောင်း နဲ့ ပါတီတွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက် နိုင်ဖို့အတွက် ကြေညာချက် (၁)စောင် ထုတ်ပြန်ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ