ပူး​တွဲကော်​မ​တီ​ဖွဲ့​ရေး အစည်းအဝေး ကျ​င်းပမယ်

  • 29 အောက်တိုဘာ 2015
_nca_signing ဓာတ်ပုံ မူပိုင် epa
Image caption NCA ကို လက်နက်ကိုင် ၈ ဖွဲ့ နဲ့ပဲ လက်မှတ်ရေးထိုး နိုင်ခဲ့တာ ဖြစ်သလို NCA ထဲ မပါဝင်တဲ့ SSPP/SSA အပေါ် အစိုးရတပ် က စစ်ရေး အရ ဖိအား ပေးနေတယ် လို့ ဝေဖန် မှုတွေ ထွက်ပေါ်။

တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ပါ သဘောတူမှု အတိုင်း JMC လို့ ခေါ်တဲ့ ပစ်ခတ် တိုက်ခိုက်မှု တွေ ကို ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်း နိုင်ဖို့ အောက်တိုဘာ ၂၉ ရက်နေ့ မှာ ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ MPC မှာ တွေ့ဆုံ ကြဖို့ ရှိနေပါတယ်။

JMC ဖွဲ့စည်း နိုင်ရေး အစည်း အဝေး တွေကို အောက်တိုဘာ ၃၁ ရက် နေ့ ထိ ၃ ရက် ကျင်းပ သွားဖို့ စီစဉ်ထားပြီး လူမျိုးစု လက်နက်ကိုင် တပ်တွေက ကိုယ်စားလှယ်တွေ၊ အစိုးရ အဖွဲ့ ကိုယ်စားလှယ် တွေ နဲ့ စစ်ဘက် ကိုယ်စားလှယ် တွေ ပူးတွဲ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။

JMC ထဲမှာ ပါဝင်ဖို့ အစိုးရ စစ်တပ်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် ရှိတဲ့ ကာကွယ်ရေး ဌာန စစ်ဆင်ရေး အထူးအဖွဲ့မှုး ၄ ဦး ကို ကိုယ်စားလှယ် အနေနဲ့ စေလွှတ် ထားတယ် လို့ MPC က ပြောပါတယ်။

အခုလိုမျိုး ကစထမှုး တွေလိုမျိုး ထိပ်တန်း စစ်ဘက် အရာရှိတွေကို JMC ထဲမှာ ပါဝင် ဖို့ စေလွှတ် တာဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ အစိုးရ စစ်တပ် အနေနဲ့ တက်တက်ကြွကြွ ပူးပေါင်း ပါဝင်တယ် ဆိုတာ ကို ပြသလို ဖြစ်တယ် လို့ MPC က အကြီးတန်း အကြံပေး တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

ဒါပေမယ့် NCA ကို လက်နက်ကိုင် ၈ ဖွဲ့ နဲ့ပဲ လက်မှတ်ရေးထိုး နိုင်ခဲ့တာ ဖြစ်သလို ရှမ်းပြည် ထဲမှာ လည်း တိုက်ပွဲ တွေ ပြင်းထန် လာပြန် တဲ့ အတွက် NCA ထဲ မပါဝင်တဲ့ ရှမ်းပြည် မြောက်ပိုင်း တပ်မတော် SSPP/SSA အပေါ် အစိုးရတပ် က စစ်ရေး အရ ဖိအား ပေးနေတယ် လို့ ဝေဖန် စွပ်စွဲ မှု တွေ လည်း ထွက် ပေါ် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ