အန်အဲလ်ဒီ ကိုယ်စားလှယ် ဦးနိုင်ငံလင်း ဓားခုတ်ခံရ

  • 29 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် naing ngan lin fb
Image caption အခုတော့ ဆေးရုံ တင်ထား ရပြီး၊ တခြား ခံရသူ ၂ ဦးကတော့ ဒဏ်ရာ မပြင်း ထန်ဘူးလို့ သိရ

သာကေတ မြို့နယ်မှာ ကြာသပတေး ညက အန်အဲလ်ဒီ ပါတီ ကနေ စည်းရုံးရေး ဆောင်ရွက် နေစဉ် လူ ၃ ဦးက ဝင်ရောက် တိုက်ခိုက် ခဲ့တဲ့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီ လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း ဓားခုတ်ခံရ ပြီး ဒဏ်ရာ အပြင်း အထန် ရရှိသွား ပါတယ်။

အခုတော့ ဆေးရုံ တင်ထား ရပြီး၊ သူနဲ့ အတူ တိုက်ခိုက် ခံရသူ တခြား ၂ ဦးကတော့ ဒဏ်ရာ မပြင်း ထန်ဘူးလို့ သိရပါတယ်။

သာကေတ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝေဖြိုးအောင် အတွက် စည်းရုံးရေး ဆောင်ရွက် နေစဉ် အခုလို တိုက်ခိုက် ခံရတာ ဖြစ်ပါ တယ်။

ဝင်ရောက် တိုက်ခိုက်သူ ၃ ယောက်မှာ တဦးက ဓားနဲ့ ဖြစ်ပြီး၊ တခြား ၂ ဦးက တုတ်နဲ့ တိုက်ခိုက် ခဲ့တာ ဖြစ်တယ် လို့ ဒေါက်တာ ဝေဖြိုးအောင်က ပြော ပါတယ်။

တိုက်ခိုက်သူ အားလုံးကို ရဲက ဖမ်းဆီး ထားပြီ ဖြစ်ပြီး၊ အန်အဲလ်ဒီ အနေနဲ့ ဥပဒေ အရ ဆက်လက် လုပ်ဆောင်သွား မယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ