ရှမ်းပြည်မြောက်ပိုင်း တပ်မတော် ဌာနချုပ် တိုက်ခိုက်ခံရ

  • 29 အောက်တိုဘာ 2015
SSPP SSA ရှမ်းပြည်မြောက်ပိုင်းတပ်မတော် ဓာတ်ပုံ မူပိုင် no credits
Image caption SSPP SSA ရှမ်းပြည်မြောက်ပိုင်းတပ်မတော်

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်လက်မှတ် ရေးထိုးမထားတဲ့ SSPP/ SSA ရှမ်းပြည်မြောက်ပိုင်း ဝမ်ဟိုင်း ဌာနချုပ်ကို မြန်မာအစိုးရ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် အပျက်အစီးရှိတယ်လို့ ဒေသခံ တယောက်က ဘီဘီစီကို ပြောပါတယ်။

အရင်ရက်တွေကလည်း တိုက်ပွဲတွေ ဖြစ်တာကြောင့် ဘေးလွတ်ရာကို လူတွေ ထွက်ပြေးနေရပါတယ်။ အခုအခါ ဒုက္ခသည်ပေါင်း ၁ ထောင်ကျော်တို့ဟာ နီးစပ်ရာမြို့ကို ထွက်ပြေးကြရပြီး မိုင်းရှူးမှာတော့ ဒုက္ခသည် ၈၀၀ ကျော်လောက်ရှိပါတယ်။ အဲဒီထဲမှာ တိုင်းရင်းသား ရှမ်း၊ ပလောင်၊ လီရှောလူမျိုးတွေ ပါဝင်ကြပါတယ်။

ဒုက္ခသည်တွေကို တောင်ကြီးနဲ့ မိုင်းရှူးက သာရေး နာရေး အသင်းတွေနဲ့ ဒေသတွင်း လူမှုရေး အသင်းတွေက အကူအညီပေးနေရပါတယ်။ တိုက်ပွဲဖြစ်တဲ့ ကာလအတွင်း တောင်ကြီးကို သွားတဲ့ ကားတွေ အချိန်ကြာ ပိတ်မိနေပါတယ်။

ဒီလိုတိုက်ပွဲတွေ ဖြစ်ရတာနဲ့ ပတ်သက်လို့ ရှမ်းမြောက် အဖွဲ့ဟာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်မထိုးလို့ ဖိအားပေးတာ ဖြစ်နိုင်သလို ဒီဒေသတွေမှာ ရှမ်းပါတီတွေကို ထောက်ခံကြတဲ့ လူတွေများလို့ ရှမ်းတိုင်းရင်းသား အမတ်တွေ ရွေးကောက်ပွဲက တဆင့် လွှတ်တော်ထဲ မရောက်စေချင်လို့ ဆောင်ရွက်တာ ဖြစ်နိုင်ကြောင်း မိုင်းရှူး ဒေသခံ တယောက်က သူ့အမြင်ကို ပြောပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ